[zawgyi]
ဒီတစ္ပတ္ေတာ့ ျပန္ေရးျဖစ္ၿပီေပါ့…စာျပန္ေရးရတာထက္ ကစားရတာကိုပဲ ပိုသေဘာက်လာတဲ့အခါ စာမေရးျဖစ္တဲ့ သေဘာပါ… 😛
MEOWOOF
ေဆာ့ဖူးတဲ့ ဂိမ္းေတြထဲမွာ ရင္းႏွီးေနတယ္လို႔ထင္ရၿပီး လြယ္မယ္လို႔ထင္ရတဲ့ ဂိမ္းေတြ အမ်ားႀကီးရွိပါလိမ့္မယ္။. ဒါေပမယ့္ တကယ္ကစားၾကည့္တဲ့အခါမွာေတာ့ မသိထားတဲ့ အသစ္အသစ္တစ္ခ်ိဳ႔ေပးနိုင္တဲ့ ဂိမ္းေတြရွိေနပါေသးတယ္။ ဒီထဲမွာ meowoof ပါမယ္ထင္တယ္။. Arcade game တစ္ခုျဖစ္တဲ့အတြက္ ေအးေဆးေပါ့ပါ့းေဆာ့လို႔ရပါတယ္။ သခင္ျပန္မေရာက္လာတဲ့အတြက္ ႀကိဳးခ်ည္ခံထားရတဲ့ ေခြးနဲ႔ေၾကာင္ ၂ေကာင္က အစာရွာထြက္တဲ့ ဇာတ္လမ္းေလးေပါ့။
CHAOS REBORN : ADVENTURES
X-COM ကိုထုတ္ခဲ့တဲ့သူေတြရဲ႕လက္ရာဆိုေတာ့ ေျပာစရာသိပ္လိုမယ္မထင္ပါဘူး။ ကိုယ္ပိုင္ wizard တစ္ေကာင္ကို စိတ္ႀကိဳက္ လက္နက္ပစၥည္းေတြတပ္ေပးလို႔ရပါလိမ့္မယ္။ စိတ္ဝင္စားစရာတစ္ခုက သူ႔မွာ တစ္ျခားအေကာင္ေတြကို ကိုယ့္ဘက္က စစ္ကူအေနနဲ႔ ဖန္ဆင္းလို႔ရတာမ်ိဳးပါ။ Single player မွာအေတာ္ေလးကစားလို႔ေကာင္းတာေတြ႔ရပါလိမ့္မယ္။ Multiplayer မွာေတာ့ PvP ပါလာပါတယ္။ ဒလို fantasy ကိစၥေတြ ေသေဘာေခြ႔ရင္ေတာ့ ဒီဂိမ္းကို ယူထားသင့္တယ္။
[APP STORE] [PLAY STORE]
THE COMPANY GAME
ကိုယ့္ဖုန္းကို သံုးၿပီး ကိုယ့္ကို စိတ္ဒုကၡေပးတဲ့ အေကာင္းစားဂိမ္းတစ္ခုလို႔ပဲေျပာရမယ္ထင္တယ္။. puzzle ေကာင္းေကာင္းႀကိဳက္တဲ့ သူေတြအတြက္ ဦးစားေပး ျဖစ္ပါတယ္။ ဖုန္းရဲ႕ feature ကိုယူသံုးထားတဲ့ ဂိမ္းေတြထဲမွာေတာ့ စိတ္ကူးေကာင္းတယ္ေျပာရပါမယ္။. ဒါေပမယ့္ တစ္ခါတစ္ခါ မထင္တဲ့ puzzle ေတြကေတာ့ ကသိကေအာက္ျဖစ္ေစတယ္ထင္တယ္။
RETURNER ZHERO
သိပ္မၾကာေသးခင္က Returener 77 ကိုေဆာ့ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ Returner Zhero ကိုအေထြအထူးမိတ္ဆက္စရာမလိုပါဘူး။ Mobile မွာ အေကာင္းဆံုး graphic ထဲကတစ္ခုပဲမဟုတ္လား။. ဒီအႀကိမ္မွာေတာ့ Returner Zhero ရဲ႕ေနရာကဝင္ကစားရမွာျဖစ္ၿပီး timeline မွာေတာ့ နည္းနည္းေလးရွုပ္ေထြးေနတယ္လို႔ထင္ပါတယ္။. တစ္ျခားကိစၥေတြကေတာ့ ေျပာစရာသိပ္မရွိလွပါဘူး။. Puzzle ေတြမွာေတာ့ အရင္အတိုင္း ခက္တာနဲ႔ လြယ္တာေရာထားေပးတာေတြ႔ရပါတယ္။ စိတ္ထဲရွိတဲ့ အတိုင္းေျပာရရင္ third chapter ကတကယ္အေကာင္းဆံုးလို႔ထင္တယ္။
[APP STORE]
ARMAJET
Early Access ဆိုေပမယ့္ gamer တစ္ခ်ိဳ႕ေတာ့ ေရာက္ေနၾကၿပီးပါၿပီ။ 3v3 battle arena ျဖစ္ၿပီးေတာ့ ပြဲမစခင္ေရြးခ်ယ္စရာ လက္နက္အမ်ိဳးအစား မ်ားပါတယ္။ Shooter အမ်ားစုရဲ႕ ပံုမွန္အတိုင္း လက္နက္ ၂မ်ိဳးကိုင္ခြင့္ရၿပီးေတာ့ သတ္မွတ္ခ်ိန္အတြင္း kill အမ်ားဆံုးရတဲ့အဖြဲ႕ကနိုင္ပါလိမ့္မယ္။ ပြဲစရင္ေတာ့ လက္နက္ျပန္ေျပာင္းလို႔မရတဲ့အတြက္ အျပင္မွာကတည္းက လက္နက္ကိုေသခ်ာေရြးသြားဖို႔ေတာ့ လိုပါလိမ့္မယ္။ ဒါေပမယ့္ အခုအခ်ိန္အထိေတာ့ shooter ကိုအခုမွစကစားတဲ့ သူမဟုတ္ရင္ လက္နက္ အေတာ္မ်ားမ်ားက အဆင္ေျပပါတယ္။ unlockable ေတြလည္းရွိၿပီးေတာ့ အမ်ားစုက $ ေပးဝယ္စရာမလိုပါဘူး။ တစ္ခုပဲ tutorial မေတြ႔မိဘူး။
BIKE UNCHAINED 2
အမွန္အတိုင္း မကြယ္မဝွက္ေျပာရရင္ ဒီလို ေတာင္ကုန္းေပၚကေန စက္ဘီးတစ္စီးနဲ႔ ေဇာက္ထိုးမိုးေမ်ာ္ဆင္းဖို႔ဆိုတာ ကိုယ့္လို ေပါင္ ၂၀၀ ေလာက္ရွိတဲ့ ခ်ာတိတ္တစ္ေယာက္အတြက္ဆို ဖုန္းထဲမွာက စိတ္အခ်ရဆံုးပဲမဟုတ္လား။ Developer ကလည္း အေတာ္ေလး သိတတ္ရွာပါတယ္။ one finger game အျဖစ္နဲ႔ပါထုတ္ေပးလိုက္ေသးတယ္။ ပခံုးေပၚကေက်ာ္ၾကည့္ရတဲ့ ျမင္ကြင္းမွာ ကိုယ္ကဂရုစိုက္ရတာဆိုလို႔ စက္ဘီးေပၚက အေနအထားေလးပဲဆိုေတာ့ ဒီဂိမ္းကေလာေလာဆယ္ x-treme game ေတြထဲမွာေတာ့ အသက္သာဆံုးပါပဲ။ ၿပီးေတာ့ အၾကာႀကီး ကစားသင့္တဲ့ ဂိမ္းတစ္ခုမဟုတ္ပါဘူး။ ပ်င္းလာလိမ့္မယ္။
Multiplayer focus ျဖစ္တဲ့အတြက္ တစ္ျခား gamer ေတြရဲ႕ ghost နဲ႔ ယွဥ္ရပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ repetative ျဖစ္တယ္လိုမခံစားရခင္အထိေတာ့ league ေတြကေပ်ာ္ဖို႔ေကာင္းပါတယ္။
[APP STORE] [PLAY STORE]
Gamevil ရဲ႕ MMORPG အသစ္ Talion ကဒီလ ၁၂ရက္ေန႔မွာ SEA တအတြက္ထြက္ၿပီေျပာပါတယ္။ ကၽြန္ေတာ္ေတာ့ မေဆာ့ရေသးပါဘူး။ auto battle ဆိုေတာ့ mobile junk မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းပါတယ္။ character customization ေလးသေဘာက်လို႔… အဟိ…
[unicode]
ဒီတစ်ပတ်တော့ ပြန်ရေးဖြစ်ပြီပေါ့…စာပြန်ရေးရတာထက် ကစားရတာကိုပဲ ပိုသဘောကျလာတဲ့အခါ စာမရေးဖြစ်တဲ့ သဘောပါ… 😛
MEOWOOF
ဆော့ဖူးတဲ့ ဂိမ်းတွေထဲမှာ ရင်းနှီးနေတယ်လို့ထင်ရပြီး လွယ်မယ်လို့ထင်ရတဲ့ ဂိမ်းတွေ အများကြီးရှိပါလိမ့်မယ်။. ဒါပေမယ့် တကယ်ကစားကြည့်တဲ့အခါမှာတော့ မသိထားတဲ့ အသစ်အသစ်တစ်ချို့ပေးနိုင်တဲ့ ဂိမ်းတွေရှိနေပါသေးတယ်။ ဒီထဲမှာ meowoof ပါမယ်ထင်တယ်။. Arcade game တစ်ခုဖြစ်တဲ့အတွက် အေးဆေးပေါ့ပါ့းဆော့လို့ရပါတယ်။ သခင်ပြန်မရောက်လာတဲ့အတွက် ကြိုးချည်ခံထားရတဲ့ ခွေးနဲ့ကြောင် ၂ကောင်က အစာရှာထွက်တဲ့ ဇာတ်လမ်းလေးပေါ့။
CHAOS REBORN : ADVENTURES
X-COM ကိုထုတ်ခဲ့တဲ့သူတွေရဲ့လက်ရာဆိုတော့ ပြောစရာသိပ်လိုမယ်မထင်ပါဘူး။ ကိုယ်ပိုင် wizard တစ်ကောင်ကို စိတ်ကြိုက် လက်နက်ပစ္စည်းတွေတပ်ပေးလို့ရပါလိမ့်မယ်။ စိတ်ဝင်စားစရာတစ်ခုက သူ့မှာ တစ်ခြားအကောင်တွေကို ကိုယ့်ဘက်က စစ်ကူအနေနဲ့ ဖန်ဆင်းလို့ရတာမျိုးပါ။ Single player မှာအတော်လေးကစားလို့ကောင်းတာတွေ့ရပါလိမ့်မယ်။ Multiplayer မှာတော့ PvP ပါလာပါတယ်။ ဒလို fantasy ကိစ္စတွေ သေဘောခွေ့ရင်တော့ ဒီဂိမ်းကို ယူထားသင့်တယ်။
[APP STORE] [PLAY STORE]
THE COMPANY GAME
ကိုယ့်ဖုန်းကို သုံးပြီး ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့ အကောင်းစားဂိမ်းတစ်ခုလို့ပဲပြောရမယ်ထင်တယ်။. puzzle ကောင်းကောင်းကြိုက်တဲ့ သူတွေအတွက် ဦးစားပေး ဖြစ်ပါတယ်။ ဖုန်းရဲ့ feature ကိုယူသုံးထားတဲ့ ဂိမ်းတွေထဲမှာတော့ စိတ်ကူးကောင်းတယ်ပြောရပါမယ်။. ဒါပေမယ့် တစ်ခါတစ်ခါ မထင်တဲ့ puzzle တွေကတော့ ကသိကအောက်ဖြစ်စေတယ်ထင်တယ်။
RETURNER ZHERO
သိပ်မကြာသေးခင်က Returener 77 ကိုဆော့ဖြစ်ခဲ့မယ်ဆိုရင်တော့ Returner Zhero ကိုအထွေအထူးမိတ်ဆက်စရာမလိုပါဘူး။ Mobile မှာ အကောင်းဆုံး graphic ထဲကတစ်ခုပဲမဟုတ်လား။. ဒီအကြိမ်မှာတော့ Returner Zhero ရဲ့နေရာကဝင်ကစားရမှာဖြစ်ပြီး timeline မှာတော့ နည်းနည်းလေးရှုပ်ထွေးနေတယ်လို့ထင်ပါတယ်။. တစ်ခြားကိစ္စတွေကတော့ ပြောစရာသိပ်မရှိလှပါဘူး။. Puzzle တွေမှာတော့ အရင်အတိုင်း ခက်တာနဲ့ လွယ်တာရောထားပေးတာတွေ့ရပါတယ်။ စိတ်ထဲရှိတဲ့ အတိုင်းပြောရရင် third chapter ကတကယ်အကောင်းဆုံးလို့ထင်တယ်။
[APP STORE]
ARMAJET
Early Access ဆိုပေမယ့် gamer တစ်ချို့တော့ ရောက်နေကြပြီးပါပြီ။ 3v3 battle arena ဖြစ်ပြီးတော့ ပွဲမစခင်ရွေးချယ်စရာ လက်နက်အမျိုးအစား များပါတယ်။ Shooter အများစုရဲ့ ပုံမှန်အတိုင်း လက်နက် ၂မျိုးကိုင်ခွင့်ရပြီးတော့ သတ်မှတ်ချိန်အတွင်း kill အများဆုံးရတဲ့အဖွဲ့ကနိုင်ပါလိမ့်မယ်။ ပွဲစရင်တော့ လက်နက်ပြန်ပြောင်းလို့မရတဲ့အတွက် အပြင်မှာကတည်းက လက်နက်ကိုသေချာရွေးသွားဖို့တော့ လိုပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်အထိတော့ shooter ကိုအခုမှစကစားတဲ့ သူမဟုတ်ရင် လက်နက် အတော်များများက အဆင်ပြေပါတယ်။ unlockable တွေလည်းရှိပြီးတော့ အများစုက $ ပေးဝယ်စရာမလိုပါဘူး။ တစ်ခုပဲ tutorial မတွေ့မိဘူး။
BIKE UNCHAINED 2
အမှန်အတိုင်း မကွယ်မဝှက်ပြောရရင် ဒီလို တောင်ကုန်းပေါ်ကနေ စက်ဘီးတစ်စီးနဲ့ ဇောက်ထိုးမိုးမျော်ဆင်းဖို့ဆိုတာ ကိုယ့်လို ပေါင် ၂၀၀ လောက်ရှိတဲ့ ချာတိတ်တစ်ယောက်အတွက်ဆို ဖုန်းထဲမှာက စိတ်အချရဆုံးပဲမဟုတ်လား။ Developer ကလည်း အတော်လေး သိတတ်ရှာပါတယ်။ one finger game အဖြစ်နဲ့ပါထုတ်ပေးလိုက်သေးတယ်။ ပခုံးပေါ်ကကျော်ကြည့်ရတဲ့ မြင်ကွင်းမှာ ကိုယ်ကဂရုစိုက်ရတာဆိုလို့ စက်ဘီးပေါ်က အနေအထားလေးပဲဆိုတော့ ဒီဂိမ်းကလောလောဆယ် x-treme game တွေထဲမှာတော့ အသက်သာဆုံးပါပဲ။ ပြီးတော့ အကြာကြီး ကစားသင့်တဲ့ ဂိမ်းတစ်ခုမဟုတ်ပါဘူး။ ပျင်းလာလိမ့်မယ်။
Multiplayer focus ဖြစ်တဲ့အတွက် တစ်ခြား gamer တွေရဲ့ ghost နဲ့ ယှဉ်ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် repetative ဖြစ်တယ်လိုမခံစားရခင်အထိတော့ league တွေကပျော်ဖို့ကောင်းပါတယ်။
[APP STORE] [PLAY STORE]
Gamevil ရဲ့ MMORPG အသစ် Talion ကဒီလ ၁၂ရက်နေ့မှာ SEA တအတွက်ထွက်ပြီပြောပါတယ်။ ကျွန်တော်တော့ မဆော့ရသေးပါဘူး။ auto battle ဆိုတော့ mobile junk မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ character customization လေးသဘောကျလို့… အဟိ…