Monster Hunter ကို Capcom ရဲ့ fan တွေကတော့ လွန်ခဲ့တဲ့ PS2 ခေတ်လောက်ကတည်းက အခုအချိန် Monster Hunter World အထိသိနေကြပါလိမ့်မယ်။. ဆော့လည်းကောင်းကောင်းဆော့ဖြစ်နေကြပါလိမ့်မယ်။ မနေ့တနေ့ကပဲ Gamer တွေသိပ်မကြိုက်ကြတဲ့ ဇာတ်လမ်းထဲက အစမ်းပြထားတဲ့ ဝတ်စုံတွေကိုကြည့်ပြီး အတော်လေးဂယက်ရိုက်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မယ့် Miller Jovovich ရဲ့ Instagram မှာ gamer တွေလက်ခံနိုင်လောက်တဲ့ ဝတ်စုံနဲ့ ဂိမ်းထဲက လက်နက်တစ်ခုဖြစ်တဲ့ Slinger ရဲ့တစ်စိတ်တစ်ပိုင်းပုံပါလာတော့မှပဲ နည်းနည်းငြိမ်သွားကြပါတယ်။

Monster Hunter ကအခုအချိန်ဆိုရင်တော့ ၁၄နှစ်တိုင်ခဲ့ပြီထင်ပါတယ်။ ရုပ်ရှင်တစ်ခုအနေနဲ့ထွက်လာဖို့ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက Director Paul Anderson ကစဉ်းစားခဲ့တယ်လို့သိရပါတယ်။ သူကိုယ်တိုင်နဲ့ တစ်ခြား partner ၂ယောက်လောက်နဲ့ ပူးတွဲထုတ်လုပ်မယ်လို့သိရပါတယ်။
Milla Jovovich ကိုတော့ Resident evil ရုပ်ရှင်တွေကနေ ရင်းနှီးနေပြီးသားဖြစ်ပါလိမ့်မယ်။. သူက ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်မှာကတော့ ငြင်းစရာမရှိပါဘူး။. သူက director ဖြစ်တဲ့ Paul ရဲ့ ဇနီးဖြစ်နေတာကိုး။. သူတို့လင်မယားကပဲ Resident Evil ၄ကားကိုတွဲရိုက်ခဲ့ကြတာပါ။

Instagram ကရတဲ့အချက်အလက်နဲ့ပုံတွေကတော့ ဘာမှသိပ်မရှိသေးပါဘူး။. တစ်ခြား သရုပ်ဆောင်တွေအနေနဲ့ကတော့ Ong Bak ထိုင်းမင်းသား Tony Jaa, ပြီးတော့ ဘီးကြဲကြီး Ron Perlman နဲ့ Rapper & Actor T.I တို့ပါဝင်ကြပါသေးတယ်။

ရိုက်ကူးရေးစတင်နေပြီဆိုပေမယ့် ဇာတ်လမ်းအကြောင်းတော့ဘာမှမတွေ့သေးပါဘူး။ အကြမ်းအားဖြင့်တော့ မတူညီတဲ့ ကမ္ဘနှစ်ခုကလာကြတဲ့ သူရဲ့ကောင်း ၂ဦးဟာ ဘုံအန္တရာယ်ကို အတူတိုက်ခိုက်ကြတယ်ဆိုတာလောက်ပါပဲ။. Monster Hunter နဲ့ရင်းနှီးပြီးသား gamer တွေကတော့ သိနေပြီးသားဇာတ်ကောင်တွေအပြင် တစ်ခြား character တွေလည်းတွေ့နိုင်ပါလိမ့်မယ်လို့တော့သိရပါတယ်။ Jaa ရဲ့ဇာတ်ကောင်ကလည်း Hunter တစ်ဦးဖြစ်မယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရိုက်ကူးရေးကိုတောင်အမေရိကမှာ စတင်နေပြီး ထွက်ရှိမယ့်ရက်နဲ့ တစ်ခြားသတင်းတွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Source : Instagram