[zawgyi]
BADLAND BRAWL
[Play Store] [App Store]
GRIMVALOR
REIGNS: GAME OF THRONES
[Play Store] [App Store]
PAKO Forever
[unicode]
Game တွေကတော့ လိုက်လို့မမှီနိုင်လောက်အောင် နေတိုင်း အသစ်တစ်ခုမဟုတ်တစ်ခုကတော့ ထွက်နေတာပါပဲ။ weekly ရေးတဲ့ ထဲမှာတော့ RP ကလူတွေဆော့ဖြစ်တဲ့ ဂိမ်းအသစ်တစ်ချို့နဲ့ အတူ ကောင်းနိုးရာရာ တစ်ချို့ ကိုစုစည်းပေးတဲ့ သဘောပါပဲ။ တကယ့် အသစ်တွေစုစည်းပေးတာမျိုးမဟုတ်ပဲ patch ဖြစ်ဖြစ် update အသစ်ဖြစ်ဖြစ်ထွက်တာဆိုရင်လည်း ရောပြီးတော့ ပါလာနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် One game at a time ကိုတော့ ခဏမေ့ထားကြတာပေါ့။
BADLAND BRAWL
FROGMIND ဆိုတဲ့ F2P မထုတ်စဖူးထုတ်လိုက်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ PvP တွေထဲမှာတော့ ပျော်ဖို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အစောပိုင်းမှာပါ။ နောက်ပိုင်း ကိုယ့် card တွေ ကျလာပြီဆိုရင်တော့ သိပ်မသာယာနိုင်လောက်ပါဘူး။ Rating ကောင်းကောင်းရထားတာတွေ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ server မငြိမ်တဲ့ကိစ္စလေးကတော့ မကောင်းဘူးပေါ့လေ။ deck ကောင်းကောင်းနဲ့ physics ဂိမ်းကောင်းတစ်ခုပါ။
[Play Store] [App Store]
GRIMVALOR
Mobile ပေါ်ရောက်လာတဲ့ Castlevinia နဲ့ဆင်တူယိုးမှားလား ဒါမှမဟုတ် Darksoul ဖြစ်မလားပေါ့။ Hack & slash ဆိုလို့ ခပ်ပေါ့ပေါ့ဆော့ရင် အချိန်တော်တေ်ာများများ မှာ respawn လုပ်နေရပါလိမ့်မယ်။ H&S ဆိုပေမယ့် skill ကောင်းဖို့လိုတဲ့ အတွက် လွယ်တဲ့ ဂိမ်းတစ်ခုတော့ မဟုတ်ပါဘူး။ AI တွေကလည်း လျှော့တွက်လို့မရပါဘူး။ mobile မှာရနိုင်တဲ့ RPG ကောင်းကောင်းတစ်ခုဖြစ်ပါတယ်။
F1 Mobile Racing (2018 official)
Closed Beta ကတော့ ကြာပါပြီ။ မကြာခင်က softlaunch လုပ်ပြီးတော့ ဒီနှစ်အတွက်လည်း F1 Official ထွက်လာပြန်ပြီပေါ့။ အသစ် update မှာတော့ AI ကသိသိသာသာ aggro များလာတာတွေ့ရပါတယ်။ PvP race တွေလည်းပါပါတယ်။ တစ်ခုတော့ရှိတယ်၊ အပြင်မှာလိုမဟုတ်တဲ့ အတွက် penalty ဘယ်လိုပဲပေးထားပေးထား အကွေ့တွေမှာ အရှိန်မသတ်ပဲ ကိုယ်ကို ဝင်တိုက်ပြီး ကွေ့သွားတဲ့ Player တွေတော့ အများသား။ သိပ်တော့လည်း မထူးဆန်းပါဘူး။ NFS ကအခုထိဆော့လို့ ကောင်းတုန်းမဟုတ်လား။
MAX THE CURSE OF THE BROTHERHOOD
Story Driven လိုခေါ်တဲ့ Adventure RPG တွေထဲမှာတော့ Max ကိုဂိမ်းအသစ်လို့ပြောလို့မရပါဘူး။ မူရင်းဂိမ်းက ၂၀၁၃ တည်းကထွက်ခဲ့ပြီးမကြာခင်ကပဲ Nintendo Switch ကို port လုပ်ခဲ့တာပါ။ အခုတော့ iOS ကိုပါရောက်လာပြီပေါ့။ ဒီမှာတော့ အန္တရယ်များတဲ့ fantasy နေရာတစ်ခု၊ game world တစ်ခုမှာ သူ့ညီကိုကယ်ဖို့ကြိုးစားရမှာပါ။ ဒါပေမယ့် အဲ့ဒီကလေးလေးကို တစ်ခြားကမ္ဘာရောက်သွားအောင်လုပ်လိုက်တာလဲ ကိုယ်တိုင်ပဲဆိုတော့။
ဂိမ်းကလှတယ်၊ သပ်ရပ်တယ်၊ control ကလည်း marker ကိုအစပိုင်းမှာ စိမ်းနေမယ်ဆိုရင်တောင် မကြာခင် အဆင်ပြေသွားပါလိမ့်မယ်။
REIGNS: GAME OF THRONES
GOT fan တွေအတွက်ကတော့ final season မရောက်လာမချင်း စာအုပ်တွေပြန်ဖတ်လိုက်၊ ဂိမ်းလိုက်ဆော့လိုက်၊ သတင်းလေးနားစွင့်လိုက်လုပ်နေကြတဲ့သူများပါတယ်။ gamer တွေကတော့ ဂိမ်းဆော့ရင်းပေါ့လေ။ ဒီမှာတော့ Cersei ဖြစ်ဖြစ် John Snow ဖြစ်ဖြစ် ဒါမှမဟုတ် Daenerys ဖြစ်ဖြစ် ရှုပ်ထွေးနေတဲ့ အမျိုးတော်စပ်ပုံတွေကြားက နေ Iron Throne ဆီကို ဘယ်လိုအရောက်သွားမလဲ၊ ဘယ်လိုအရေယူမလဲ ဆိုတာပါပဲ။ HBO ဇာတ်လမ်းသွားလိုပဲ ခုနစ်ပြည်ထောင်မှာ အချင်းချင်းရန်စောင်နေကြတဲ့ အုပ်စုတွေအများကြီးလည်းပါဝင်ပါတယ်။ တစ်ပြိုင်တည်းမှာ မကြာခင်ရောက်လာတော့မယ့် ဆောင်းရာသီကိုလည်း အံတုရဦးမယ်မဟုတ်လား။
Personally ဆိုရရင် အဆဲတောင်းတဲ့ ဂိမ်းသက်သက်ပဲ။ … lol…
[Play Store] [App Store]
PAKO Forever
PAKO ကိုမှတ်မိနေတာကတော့ ၂ကျပ်တန်ဂိမ်းတစ်ခုပဲ။ ၂၀၁၄ လောက်ကထွက်ပြီးတော့ PAKO 2 ထွက်လာသေးတယ်။ ဘယ်ယိမ်းညာယိမ်းနဲ့ တဖြည်းဖြည်းခက်လာတဲ့ ကားမျိုးစုံကြားမှာ မရမကလွတ်အောင်ရှောင်ဖို့ကြိုးစားရတာက ပျော်ဖို့ကောင်းခဲ့ပါတယ်။ အခု PAKO forever မှာတော့ f2p ဖြစ်သွားပြီး iap ပဲပါလာပါတော့တယ်။ ထူးဆန်းတဲ့ ယဉ်အသစ်တွေအပြင် တစ်ခြား power-up တွေပါလာပါတယ်။ သေချာတာကတော့ အရင်အတိုင်းပဲ..ဒါပေမယ့် ပိုကောင်းလာပါတယ်။
စိတ်ထဲမျှော်နေတဲ့ ဂိမ်းတစ်ခုတော့ရှိတယ်… Stardew valley ကမကြာခင် mobile ကိုရောက်လာတော့မယ်ဆိုတော့ ပျော်နေတယ်။…so… one game at a time ဆိုသလို ကိုယ့်စိတ်နဲ့ အကြွေဆုံးဂိမ်းကိုပဲ ရွေးပြီးဆော့ကြတာပေါ့။ Have a nice weekend people… see you next week…(maybe) … lol…