New mobile game release savior saga
New Release (Mobiles)

New Mobile Game Release, weekly

ဒီတစ်ပတ်တော့ ဂိမ်းကောင်းလေးတစ်ချို့ပါလာတယ်ဆိုပါတော့။ One game at a time ဆိုရင်ထွက်သမျှဂိမ်းတွေ ဆော့လို့မမှီနိုင်ပါဘူး။ ကျွန်တော်တို့ဆော့ဖြစ်သလောက်ပေါ့။

1. GHOSTBUSTERS WORLD

Ghostbuster ကို mobile game တစ်ခုအနေနဲ့ စိတ်ကူးယဉ်ကြည့်ဖူးလား။ တစ်ခြား console နဲ့ PC မှာတော့ game ပုံစံတစ်မျိုးနဲ့ ဆော့ဖူးကြပါလိမ့်မယ်။ mobile ပေါ်ကိုရောက်လာတဲ့အခါမှာတော့ AR ဖြစ်မယ်လို့မထင်ထားခဲ့ဘူး။ Ghostbuster world ကတော့ AR game တစ်ခုအနေနဲ့ mobile platform ကိုရောက်လာခဲ့ပါတယ်။ ရုတ်တရက်ကြည့်ရင်တာ့ Pokemon GO ရဲ့ copy တစ်ခုလို့မြင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ Storymode နဲ့ free-roam ပါသလို game mechanic တွေလည်း မိုက်ပါတယ်။ Ghostbuster ကိုသိခဲ့မယ်ဆိုရင်တော့ ရင်းနှီးပြီးသား ဇာတ်ကောင်တစ်ချို့နဲ့ အတူ story-mode ကိုသဘောကျပါလိမ့်မယ်။. ဒါပေမယ့် AR genre ဆိုတော့ လူတိုင်းအတွက်တော့ မဟုတ်နိုင်ပါဘူး။
[Play Store] [App store]

2. TESLA VS LOVECRAFT

SAS တို့ဘာတို့ ကိုသဲကြီးမဲကြီးဆော့ခဲဖူးရင်တော့ ဒီလို Top down shooter game ပုံစံမျိုးနဲ့ သိပ်မစိမ်းလောက်ပါဘူး။. ဒါပေမယ့် သာမန် top down game တစ်ခုမဟုတ်ပဲ သိပ္ပံပညာရှင်ကြီး Tesla ကိုယ်တိုင်နေရာကပါဝင်ကစားရမှာပါ။ လွန်ခဲ့တဲ့ ၁နှစ်လောက်က PC နဲ့ တစ်ခြား console တွေအပြင် Nintendo switch မှာပါရှိပြီးသား ဂိမ်းတစ်ခုဖြစ်ပါတယ်။ 10ton ကထုတ်တဲ့ ဂိမ်းအများစုက Cyberpunk theme တွေများပြီး neon သိပ်ကြိုက်ပါတယ်။ ဒီထဲကမှ ဒီဂိမ်းကတော့ သူတို့ရဲ့ ထူးထူးခြားခြားဂိမ်းတစ်ခုလို့ဆိုရမလားပဲ။ game ရဲ့ original site ကိုသွားကြည့်လို့ရပါတယ်။ Android အတွက်တော့မကြာမီလာမည်လို့ပြောပါတယ်။

[App store]


3. STARDEW VALLEY

လယ်သမားဂိမ်းလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ f2p farming game တွေမှာ ဂိမ်းရဲ့ mechanic နဲ့ လိုတာမရ၊ ရတာမလို cash wall တွေကိုငြီးတွားနေမယ့်အစား ဒီတစ်ခုကိုတော့ ဝယ်သာဆော့လိုက်ပါလို့ အကြံပေးလိုက်ပါတယ်။ တစ်ခြား Steam မှာပဲဖြစ်ဖြစ် Xbox ကပဲဖြစ်ဖြစ် ဝယ်ထားပြီးသားဆိုရင်လည်း mobile မှာ အရသာတစ်မျိုးတော့ပေးဦးမှာပါပဲ။ console မှာနာရီ ၂၀၀ကျော်လောက်ဆော့ထားပြီးတာတောင် လုပ်စရာတွေအများကြီးကျန်နေပါသေးတယ်။ open-ended လည်းဖြစ်တဲ့အတွက် ဇာတ်လမ်းအဆုံးသတ်မရှိပါဘူး။ သေချာတာကတော့ faming game ကောင်းကောင်းတစ်ခုကို ရွေးမယ်ဆိုရင်တော့ Stardew valley ကလည်း ထိပ်ဆုံးတစ်နေရာမှာရှိပါလိမ့်မယ်။ ဒီတစ်ခုကိုတော့ review ကောင်းကောင်းတစ်ခုရေးဖြစ်မယ်ထင်ပါတယ်။. Android အတွက်တော့ ရောက်မလာသေးပါဘူး။ Developer ကတော့ android အတွက်လည်းမကြာခင် ထုတ်ပေးမယ်လို့ twitter မှာတင်ထားတာတွေ့ပါတယ်။
[App store]

4. EUCLIDEAN SKIES

ကိုယ်တိုင်ဆိုရင်တော့ ဒီလိုဂိမ်းတွေကိုဝေးဝေးရှောင်ဖြစ်တာပဲ။ တစ်ခြားအချိန်တွေမှာ တစ်ချိန်လုံးခေါင်းကိုက်နေရတာ ပျော်ချင်လို့ဂိမ်းလာဆော့ကမှ ပိုဆိုးသွားနိုင်တာမျိုးပေါ့။ Rubik tube ရယ် chess သဘောမျိုးရယ် ရောပေါင်းပြီး ဂိမ်းတစ်ခုထုတ်ထားတယ်ဆိုပါတော့။ Gaming GOLD ဆုရထားတဲ့ Euclidean land ရဲ့အောင်မြင်မှုအပြီးမှာ ဒီဂိမ်းကိုဆက်သွားဖြစ်တယ်လို့ထင်ပါတယ်။ Rubik cube တို့ sudoku တို့ သဘောကျသူတွေအတွက်ကတော့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

[App store]

5. CYBER HUNTER

ဒီဂိမ်းနဲ့ပတ်သက်ပြီး အများကြီးတော့ပြောစရာမရှိပါဘူး။ NetEase ကထုတ်လိုက်တဲ့ အနာဂတ်သိပ်ဆန်တဲ့ Fortnite ပဲဖြစ်ပါတယ်။ 6x6km မြေပုံဆိုတော့သိပ်တော့ လည်းမဆိုးလှပါဘူး။ ကြိုက်တဲ့ မျက်နှာပြင်ကိုတွယ်တက်လို့ရမယ်။ အမြင့်တွေကနေ လေဟုန်စီးဖို့ glider ပါတယ်။. တစ်ခြားယာဉ်မျိုးစုံနဲ့သွားလာလို့ရမယ်၊ နောက်ဆုံး အဆောက်အအုံတွေက ဖျက်ဆီးလို့ရသေးတယ်။ ယာဉ်မျိုးစုံကလည်း ပုံပြောင်းလို့ရသေးတယ်။ ဒီအတိုင်းပဲ အိမ်မဆောက်တတ်ရင်လည်း Fortnite လိုပဲပျော်ဖို့ကောင်းမှာမဟုတ်ဘူး။ lol..လောလောဆယ် beta testing ပဲရှိသေးပြီးတော့ တစ်ချို့ နေရာတွေမှာမရနိုင်သေးပါဘူး။ အတော်လေးတော့ပြင်စရာတွေများဦးမယ်ထင်ပါတယ်။ game ကအတော်လေး laggy ဖြစ်နေပြီးတော့ beta tester လည်းနည်းပါတယ်။ control မှာလည်း response လိုနေပါသေးတယ်။

[App store]

6. SAVIOR SAGA : IDLE RPG

Yuina ဆိုတဲ့ကလေးမအတွက်ကိုက ကလေးထိန်းပေါ့… အယ်လယ်…။ ဂိမ်းလေးကဆော့လို့ကောင်းသား။ ဆော့လို့ကောင်းသား ဆိုပေမယ့်လည်း idle ဆိုတော့ သူဟာသူဆော့နေတာပါလေ။ ဒါပေမယ့် emergency server update ဆိုပြီး လစ်သွားကတည်းက ခုထိပြန်ဝင်လို့ရတော့ဘူး။ Lol… graphic အရကောင်းတယ်လို့ပြောရမယ့်ဂိမ်းတစ်ခုဖြစ်ပြီး upgrade system လည်းမိုက်ပါတယ်။. ဆိုးတာက ဂိမ်းကမငြိမ်သေးတာတစ်ခုပဲ။ ဒီနေ့မှာတော့ iOS ကိုလည်းရောက်လာပါပြီ။
[App store] [Play store]

7. QUEST 4 FUEL : RADIOACTIVE BORDERLANDS

လောလောဆယ်တော့ beta မှာပဲရှိသေးတဲ့အတွက် နေရာတိုင်းကတော့ ဆော့လို့မရနိုင်သေးပါဘူး။ Mad Max ကိုမှတ်မိတယ်ဆိုရင်တော့ ဒီဂိမ်းက Mad Max ကိုပဲနောက်ခံထားတာပါ။ ပျက်စီးနေတဲ့ ကမ္ဘာမှာ ကားတွေအတွက်ဆီရဖို့ တိုက်ကြခိုက်ကြတဲ့သဘောပါပဲ။ တိုက်ရမယ့် Clan ၅ခုရှိပြီးတော့ သူသေကိုယ်သေ နွဲရမယ့် ပွဲတွေ အများကြီးတွေ့ရပါလိမ့်မယ်။ ကာတွန်းရုပ် နဲ့ဂိမ်းဆိုပေမယ့် 16+ ဆိုတဲ့ အသက်သတ်မှတ်ချက်တော့ရှိပါတယ်။ ဂိမ်းကိုယ်တိုင်ရဲ့ concept နဲ့ ပါဝင်တဲ့ စကားလုံးအသုံးအနှုန်းတွေကြောင့်ဖြစ်ပါတယ်။
[Playstore]

ကဲ.. ဒီတစ်ပတ်ကတော့ ဒီလောက်ပါပဲ။ မကြာခင်မှာတော့ Black Desert Online ကလည်း mobile ဆီကိုရောက်လာတော့မယ်ကြားပါတယ်။ . မြန်မြန်ရောက်ပါစေဆုတောင်းရင်းပေါ့။ Keep on gaming people….

%d bloggers like this: