Battlefield 5
New Release (PC & others)

November မှာအသစ်လာမယ့် ဂိမ်းကြီးတွေ

နောက်လလို့ပြောနေသေးပေမယ့် နိုဝင်ဘာဆိုတာ မနက်ဖြန် သဘက်ခါလောက်ဆိုရင် ရောက်လာတော့မှာပါ။ ပုံမှန်ဆိုရင်ကျွန်တော်တို့ကတော့ သိကြတဲ့ အတိုင်း ကိုယ်စိတ်မဝင်စားတဲ့ဂိမ်းတွေ အသစ်ထွက်မယ်ဆို မရေးဖြစ်ကြပါဘူး။ လာမယ့် November မှာတော့ ကျွန်တော်တို့ အကုန်လုံးစိတ်ဝင်စားတဲ့ ဂိမ်းအသစ်တွေ ထွက်လာမှာဆိုတော့ ရေးဖြစ်သွားတာပါ။
တကယ်လည်း လာမယ့် အသစ်တွေက ဂိမ်းကြီးတွေလို့ပြောရမှာပေါ့။ Massive ဖြစ်တယ်ပေါ့… HUGE ကြီးတွေပေါ့…. Lol…
မျှော်နေတဲ့ Online ရောက်သွားပြီဖြစ်တဲ့ Fallout 76, ဒုတိယကမ္ဘာစစ်ပုံစံ FPS ဖြစ်တဲ့ Battlefield 5, နဲ့ ကျွန်တော်တို့ရဲ့ ပြောင်ကြီး Hitman 2 အပြင် Switch ကိုရောက်လာတဲ့ Diable 3 ပဲဖြစ်ပါတယ်။

DIABLO 3
– November 2, Switch

Diablo series တွေကိုတော့ dungeon crawler series တွေထဲမှာ စွဲစွဲမြဲမြဲဆော့ခဲ့ဖူးကြပါလိမ့်မယ်။ multiplayer မှာ အကောင်းဆုံး ဂိမ်းအရသာကိုပေးနိုင်ခဲ့ပါတယ်။ အခုတော့ Switch ကိုရောက်လာပြီဆိုတော့ Switch မှာပြန်တွေ့ရဦးမှာပေါ့။ Nintendo theme ကိုက်ထားတဲ့ ပစ္စည်းတစ်ချို့ကို လက်ဆောင်အဖြစ်ထည့်ပေးထားတာတွေ့ရပါလိမ့်မယ်။ Cucco Pet နဲ့ Triforce portrait အပြင်တစ်ခြား items တွေလည်းပါသေးတယ်။ Eternal Collection မှာဆိုရင်တော့ အရင်ထုတ်ခဲ့တဲ့ DLC တွေတစ်ပါတည်းရမှာပါ။ Reaper of Souls တို့ Rise of the Nacromancer တို့ရောပေါ့။ November 2nd နေ့ဆိုရပါပြီ။

HITMAN 2
–November 13, PS4, Xbox One, PC

လွန်ခဲ့တဲ့ ၂၀၁၆ ထွက်ခဲ့တုန်းကနဲ့တော့ မတူတော့ပါဘူး။ အခု အသစ်မှာ စိတ်ဝင်စားဖို့ကောင်းတာက တစ်ခြား agent တွေနဲ့ ပြိုင်လို့ရတဲ့ Ghost mode (အသစ်) ပါလာပါတယ်။ ပြီးတော့ unlock မဟုတ်တော့ပဲ ဂိမ်းစကတည်းက Miami, Colombia, New Zealand, Mumbai နဲ့ တစ်ခြားတွေမှာပါ mission တွေစပြီး kill လို့ရပါလိမ့်မယ်။

FALLOUT 76
–November 14, PS4, Xbox One, PC

ဒီတစ်ခုကစိတ်ဝင်စားပေမယ့် တစ်ချို့အတွက်တော့ connection issue ရှိနိုင်ပါတယ်။ single player ကစားရင်တောင် online ရှိနေရမှာဆိုတော့ lat များတဲ့သူတွေမှာတော့ တစ်ခါတစ်လေနောက်ကျနေတာမျိုးဖြစ်နိုင်ပါလိမ့်မယ်။ client run ဖြစ်တဲ့ တွက် ကိစ္စအတော်များများက ကိုယ်စက်နဲ့ပဲဆိုင်ပါလိမ့်မယ်။ 60GB free space တောင်းပါတယ်။ ဒါပေမယ့် PS4 မှာဘောလုံးကန်တာကို တစ်ပြိုင်တည်း live ကို delay မရှိလွှင့်လို့ရနေတဲ့ gamer တွေရှိနေမှတော့ ဒါကိုသိပ်ပြီးစိတ်မပူပါဘူး။ အများစုကတော့ အဆင်ပြေနိုင်ပါလိမ့်မယ်။ Fallout 76 ကတော့ US ရဲ့ နူးကလီးယားဗုံးကျထားတဲ့ Virginia ကိုအခြေခံထားပြီး Vault 76 ရဲ့ အသက်ရှင်ကျန်ရစ်သူတွေနေရာကစတင်ရပါလိမ့်မယ်။ အရင်လိုပဲ NPC တွေ raider တွေအပြင် တစ်ယောက်တည်း မနိုင်လောက်တော့တဲ့ အကောင်အသစ်တွေပါဝင်လာပါလိမ့်မယ်။

BATTLEFIELD 5
–November 20, PS4, Xbox One, PC

ဒုတိယကမ္ဘာစစ်ကို အခြေခံထားပြီး တကယ့် အနီးစပ်ဆုံးတွေဖန်တီးထားပါတယ်။ ဒီတစ်ခါတော့ ကိုယ့် operation တွေမှာသုံးဖို့ ကိုယ့်တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးခွင့်ပေးထားပါတယ်။ သူနဲ့ အတူတွဲပါလာမှာကတော့ PUBG တို့လို 64 ယောက်ကို အဖွဲ့ ၁၆ဖွဲ့ ခွဲပေးထားတဲ့ Firestorm ဆိုတဲ့ Battle Royale mode ပါလာတာပါပဲ။ ဂိမ်းထွက်ပြီးတာနဲ့ တစ်ခြား အမိုက်စား အစီအစဉ်တွေရှိသေးကြောင်းလည်းပြောထားပါတယ်။