Jack Sparrow
MOVIES

POTC အသစ်မှာ Jack Sparrow မပါတော့

Pirates of the Caribbean (POTC) က Disney ထုတ်လုပ်တဲ့ထဲက သက်တမ်းရှည်ရှည်နဲ့ပေါက်တဲ့ ထုတ်ကုန်တစ်ခုလို့ဆိုရမှာပါ။ လူကြီးတွေကနေ ကလေးတွေအထိ အမှတ်တရရှိနေတဲ့ မင်းသားကြီး Johnny Depp ရဲ့ဇာတ်ကောင် Captain Jack Sparrow ကြောင့်လည်း တစ်စိတ်တစ်ဒေသပါဝင်ပါလိမ့်မယ်။ ဒါပေမယ့် အသစ်ပြန်ရိုက်တော့မှာဖြစ်တဲ့ POTC reboot မှာတော့ Johnny Depp မပါတော့ဘူးလို့သိရပါတယ်။

လာမယ့် ၆ခုမြောက် ရုပ်ရှင်မှာတော့ သူတို့သွားမယ့် လမ်းကြောင်းအရ ထည့်သွင်း အသုံးမပြုဖို့ဆုံးဖြတ်လိုက်ကြတယ်လို့သိရပါတယ်။ ဇာတ်ညွှန်းဆရာ အနေနဲ့ကတော့ POTC: Curse of the Back Pearl ကိုရေးခဲ့တဲ့ POTC ဇာတ်ကောင်တွေရဲ့ပိုင်ရှင် Stuart Beattie ပဲဖြစ်ပါတယ်။ သူကပဲ ထုတ်လုပ်သူအဖြစ်လည်း ဆက်ရှိသွားမယ်ပြောပါတယ်။

လာမယ့် POTC အသစ်ပြန်လည် ဖန်တီးခြင်းမှာတော့ အရင်ဇာတ်ကောင်တွေကိုတွေ့ရတော့မှာ မဟုတ်ပဲ လုံးဝအသစ်ပြန်စမယ်ပြောထားပါတယ်။ အရင် POTC ကအရမ်းပေါက်ထားခဲ့တဲ့ အတွက် သူကတော့ အသစ်ကိုလက်ခံနိုင်ပါစေကြောင်း ပြောသွားခဲ့ပါတယ်။

Source : daily mail

%d bloggers like this: