Stardew Valley ios review
Reviews

Stardew valley iOS Review

Stardew Valley ဆိုတာက လွန်ခဲ့တဲ့ 2016 ကတည်းကထွက်ထားတဲ့ လယ်သမားဂိမ်းတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 24th October မှာတော့ iOS ကိုရောက်လာခဲ့ပါပြီ။ ဆိုတော့က Stardew Valley ကိုဘယ် platform မှာမဆို ဆော့ချင်ရင် ရနိုင်ပြီဆိုတဲ့သဘောပါပဲ။ Windows, Mac, Xbox One, PS4 အပြင် Nintendo Switch နဲ့ LINUX မှာပါရနိုင်ပြီး အခု iOS ကိုလည်း ရောက်လာခဲ့ပါတယ်။ မကြာခင် android အတွက်လည်းထွက်လာတော့မှာပါ။

တစ်ယောက်ယော်ကက လယ်သမားဂိမ်းလို့ပြောလိုက်တိုင်း Gamer တိုင်းနဲ့ မစိမ်းတဲ့ Harvest Moon ကိုသွားပြီးသတိရကြပါလိမ့်မယ်ထင်တယ်၊ တကယ်တော့ မတူဘူးလို့ပြောလို့ရမယ်ထင်ပါတယ်။ . ကျွန်တော်ကတော့ အခု Stardew Valley ကို Xbox One မှာ နာရီတစ်ချို့အထိ ကစားထားပြီးသားရှိတယ်ဆိုပေမယ့် အခု review မှာတော့ iSO ကိုပဲအဓိကထားရအောင်။  ဂိမ်းရဲ့ အစမှာတော့ ကိုယ့်ဇာတ်ကောင်ရဲ့ အဖိုးက သူပစ်ထားခဲ့တဲ့ လယ်မြေတစ်ချို့ကို အမွေပေးခဲ့တာကနေစထားပါတယ်။ Harvest Moon လိုပဲ အပင်တွေစိုက်မယ်၊ ရေလောင်းမယ်၊ အချိန်တစ်ခုရောက်ရင် အသီးတွေအရွက်တွေခူးရောင်းမယ်၊ ရောင်းလို့ရလာတဲ့ ပိုက်ဆံနဲ့ မျိုးစေ့တွေဝယ်ပြီးတော့ နောက်ထပ် အပင်တွေထပ်စိုက်မယ်၊ ပြီးတော့ မြေနေရာတွေချဲ့ လုပ်ငန်းတွေချဲ့ကြပေါ့။. ဒါတင်လားဆိုတော့… ဒါကိုပဲ အလွန်စိတ်ဝင်စားဖွယ်ကောင်းအောင်ဆွဲခေါ်သွားတာကိုတွေ့ရပါလိမ့်မယ်။ ပစ္စည်းတွေကိုယ်တိုင်ဖန်တီးလို့ရတယ်။ မွေးမြူရေးခြံတွေလည်း ထပ်ချဲ့ပြီးတော့ အကောင်တွေမွေးလို့ရမယ်ပေါ့။

တစ်ချိန်လုံး ရေလောင်းပေါင်းသင် တာနဲ့ နွားမွေး ဝက်မွေးတာနဲ့ပြီးလားဆိုတော့… လုံးဝမဟုတ်ပါဘူး။

တစ်ဘက်မှာ ကိုယ်ပိုင်လုပ်ငန်းတွေကျွမ်းကျင်မှုတွေအပြင် ဆိုင်ခန်းကနားနဲ့ လူတွေအများကြီးရှိတဲ့ ရွာတစ်ရွာလည်းရှိပါသေးတယ်။ သူတို့တွေနဲ့ လိုက်မိတ်ဆက်ရုံ လားဆိုတော့ … တဖြည်းဖြည်းနဲ့ ဇာတ်လမ်းတွေထွင်ပြီး အိမ်ကို အပါခေါ် အိမ်ထောင်ပြုလို့တောင်ရ ပါတယ်။  ဒါမှမဟုတ် အကျင့်ပါပြီး FA ဖြစ်နေချင်လည်းဖြစ်နိုင်ပါသေးတယ်။  ငါးမျှားစရာနေရာတွေအများကြီးအပြင် ဂဏန်းထောင်ဖမ်းဖို့အတွက် option ထည့်ထားပေးပါတယ်။ ကျောက်တုံးတွေကနေ တစ်ခြား အဖိုးတန် ပစ္စည်းပစ္စယတွေပါရနိုင်တဲ့ မိုင်းတွင်းရှိသလို အဲ့ဒီမှာပဲ တိုက်ခိုက်စရာ အကောင်မျိုးစုံတွေ့ရပါလိမ့်မယ်။ သူတို့က Adventurer’s Guild မှာ level တင်ဖို့အတွက်ပေါ့။ တစ်ခုချင်းစီမှာ သီခြားဦးတည်ချက်နဲ့ အကျိုးအမြတ်တွေရှိနေတာကိုက ဘာလုပ်ရမှန်းမသိဖြစ်နိုင်လောက်ပါတယ်။

အဲ့အတွက် တစ်ရက်ပြီးတစ်ရက် ကိုယ်ဘာလုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေ ရွေးချယ်စရာတွေအမျာကြီးရှိနေပါတယ်။ Stardew Valley ရဲ့ အကောင်းဆုံး စွဲဆောင်မှုကိုပြောပါဆိုရင်တော့ player ကိုဘယ်တော့မှရပ်မသွားအောင် မောင်းထားနိုင်တာပါပဲ။ တစ်ရက်တာ ကိစ္စတွေအပြီး အိပ်ရာဝင်လိုက်ပြီဆိုတာနဲ့ နောက်တစ်နေ့ကိုကူးသွားပါတယ်။ (အဲ့မှာပဲ game save လုပ်ပါတယ်)။ နောက်မနက်ရောက်ရင်ပဲဖြစ်ဖြစ် ၊ နောက်တစ်ရက်ကူးသွားတာနဲ့ကိုယ်မှာလုပ်ချင်တာတွေများနေတာကို သတိထားမိပါလိမ့်မယ်။ မူရင်းကထွက်ထားတာ ၂နှစ်လောက်ရှိနေပြီဆိုတော့ community ကောင်းကောင်းလည်းရှိနေပါပြီ။ သူ့ရဲ့ကိုယ်ပိုင် wiki လည်းပြည့်ပြည့်စုံစုံရှိနေတာကိုသွားကြည့်လို့ရပါတယ်။ ဒါပေမယ့်လည်း ကိစ္စတော်တော်များများကို ကိုယ်တိုင်ရှာဖွေတာကတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။  ဒီဂိမ်းကိုဆော့ရတဲ့ အကြောင်းကလည်း ဒီလိုသဘောမျိုးပဲမဟုတ်လား။

stardew valley farming
stardew valley, farming

PC ကနေ mobile ကို porting လုပ်လာတယ်ဆိုတော့ PC နဲ့ တစ်ခြား platform တွေပေါ်ကိုလိုက်လို့မမှီပဲ ဂွမ်းမယ်လို့ပဲထင်ခဲ့မိပါသေးတယ်။ တစ်ခြား နာမည်ကြီးဂိမ်းတွေလည်းဖြစ်နေကြမဟုတ်လား။ လက်တွေ့မှာတော့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ shortcut တွေကလည်း အချိန်တိုင်းမှာပြန်ရွေးစရာမလိုအောင် auto select လုပ်ထားပေးပါတယ်။ (ဆိုလိုတာက ကျောက်တူးမယ်ဆိုရင် Pickaxe ကိုရွေးပြီးသုံးပေးပါတယ်။) Control နဲ့ပတ်သက်ပြီးတော့ လည်း အခက်အခဲမရှိပါဘူး။ auto-attack ပါတဲ့အတွက် မိုင်းတွင်းထဲသွားတဲ့အခါ အကောင်တွေနဲ့နီးရင် auto ဓါးထုတ်သုံးပါလိမ့်မယ်။ auto ကို setting မှာသွားဖွင့်ထားဖို့တော့လိုပါမယ်။. ကိုယ်ကတော့ နေရာကိုလိုက် ထောက်ပေးရင်ရပါပြီ။. ဒါပေမယ့် auto-off ထားရင်တော့ button အသစ်တစ်ခုပေးပါလိမ့်မယ်။ ကျွန်တော့အတွက်တော့ အဲ့ဒါကသိပ်အဆင်မပြေပါဘူး။

 

iPad Pro နဲ့ iPhone 7Plus မှာ ဆော့ဖြစ်တဲ့အခါ ပူလာတာမျိုးလုံးဝမရှိပါဘူး။ Battery စားနှုန်းလည်း အဲ့လောက်မဟုတ်ပါဘူး။ တစ်ခုပဲ လယ်ထဲက အပင်စိုက်ထားတဲ့တစ်ချို့ အကွက်တွေက သိပ်သေးတဲ့အခါ ရွေးရခက်တာတော့ရှိပါတယ်။ iPad မှာတော့ အဆင်ပြေပေမယ့် ဖုန်းနဲ့ကတော့ တစ်ချက်တစ်ချက်မှာ ရွေးရခက်ပါတယ်။ ဒါပေမယ့် developer တွေက control ကို D-pad ပုံဖြစ်လာနိုင်တယ်ဆိုတော့ မကြာခင်တိုးတက်လာဖို့များပါတယ်။

တစ်ခြား Platform တွေမှာကတော့ multiplayer mode ရှိနေပြီးသားပါ။ mobile မှာတော့ တဖြည်းဖြည်းနဲ့ရောက်လာမယ်ထင်ပါတယ်။ အောက်က trailer ကတော့ multiplayer trailer ဖြစ်ပါတယ်။

ဒီဂိမ်းက တလွဲတွေဖြစ်သွားဖို့အရမ်းလွယ်ပါတယ်။ တလွဲဆိုတာက လုပ်ရကိုင်ရခက်သွားနိုင်တာကိုပြောတာပါ။ စစချင်းမှာ ရသမျှ အပင်အကုန်စိုက်ဖို့လိုပါတယ်။ season တစ်ခုကို ၂၈ရက်ရှိပြီး Spring, Summer, fall နဲ့ Winter ဆိုပြီး 4 season ရှိပါတယ်။ သတိထားရမှာက အပင်တွေစိုက်တဲ့အခါ ရက်ကိုသေချာချိန်ပြီးစိုက်ရပါလိမ့်မယ်။ Spring မှာပဲစိုက်လို့ရတဲ့ အပင်တွေက နောက် season ကိုရောက်သွားရင် ပျက်စီးသွားပါတယ်။ ၂၈ရက်အတွင်းမှာပဲ ဝင်အောင်တော့သတိထားရပါလိမ့်မယ်။ အပင်တွေက စစချင်းမှာ ဝင်ငွေရလမ်းအတွက်အကောင်းဆုံးပါပဲ။ season ၄ခုပြီးရင် year 1 စဖြစ်သွားပါလိမ့်မယ်။ ဖြစ်နိုင်ရင်တော့ Year 1 အတွင်းမှာ မိုင်းတွင်းကို level 40 လောက်ရောက်အောင်သွားမယ်။ အပင်တွေအတွက် ရေလောင်းပေးတဲ့ sprinkler တွေစပြီးထားနိုင်အောင်လုပ်ထားမယ်ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်။ ဒါတွေကုန်လုံးက တစ်ရက် ၂ ရက်နဲ့ ရနိုင်တဲ့ ကိစ္စတွေတော့မဟုတ်ပါဘူး။ activity လုပ်လိုက်တိုင်း energy ကုန်ပါတယ်။ ငါးမျှားဖြစ်မယ်ဆိုရင်တော့ ရတာကို energy အတွက်စားသင့်ပါတယ်။energy ကုန်ခါနီးလို့ အိပ်လိုက်တိုင်း မနက် 6:00 မှပြန်နိုးလာပါလိမ့်မယ်။ အဲ့ဒါက game save လုပ်တဲ့အချိန်ပါပဲ။ နေ့တစ်နေ့က မနက် 6:00 စပြီးတော့ ည 12:00 မှာ “getting too late” လို့လာပြောပါလိမ့်မယ်။. မနက် 2:00 လောက်အထိ ဆက်သွားလို့ရပါလိမ့်မယ်။ energy ကုန်သွားရင်တော့ ရောက်တဲ့နေရာမှာ အိပ်ပျော်သွားပါလိမ့်မယ်။ အပြင်မှာအိပ်ပျော်သွားခဲ့ရင် ပိုက်ဆံနဲ့ ကိုယ်ရဲ့ပစ္စည်းတွေ အကုန်လုံးဖြစ်ဖြစ် တစ်ချို့ဖြစ်ဖြစ်ပျောက်တတ်ပါတယ်။ မိုင်းတွင်းထဲမှာ သေခဲ့ရင်လည်းအဲ့လိုပါပဲ။. ဒီတော့ energy ကိုသတိထားပါ။

$8 နဲ့ Appstore မှာရနိုင်ပြီး 300MB ကျော်ကျော်တော့ download လုပ်ရပါမယ်။ လတ်တလောမှာတော့ update တွေရှိနေနိုင်ပါတယ်။ သေချာတာကတော့ Sardew valley က farming simulation တွေကို ဆော့ဖြစ်ကြတဲ့ gamer တွေအတွက်တော့ ထိပ်တန်းစာရင်းဝင်တစ်ခုဆိုတာပါပဲ။

appstore_link

 

%d bloggers like this: