Xiaomi ဆိုတာကျွန်တော်တို့အားလုံး မီဖုန်းလို့ခေါ်တဲ့ အမိုက်စားဖုန်းတံဆိပ်တွေထဲကတစ်ခုပေါ့။ အခုတော့ဖုန်းတစ်ခုတည်းမဟုတ်ပဲ ဂိမ်းထုတ်တဲ့ဘက်ကိုပါ ခြေလှမ်းလာပါတယ်။ “Survival Game” လို့နာမည်ပေးထားတဲ့ ဂိမ်းကိုကြေငြာခဲ့ပါတယ်။ forum မှာတော့ သူတို့ရဲ့ ကိုယ်ပိုင် Mi Game Team ရဲ့ ကြိုးစားဖန်တီးမှုနဲ့ထုတ်လုပ်ထားတယ်လို့တွေ့ရပါတယ်။ battle royale ပဲဖြစ်တဲ့အတွက် last one standing ဆိုတဲ့အတိုင်းနောက်ဆုံးတစ်ယောက်တည်း ကျန်တဲ့အထိ ဆော်ကြရမှာပါ။

PUBG နဲ့ Fortnite ရဲ့ ကိစ္စအတော်များများကို ကူးထားပြီးတော့ သူကတော့ sci-fi shooting mobile game လို့ပြောထားတဲ့အတွက် အာကာသယာဉ်တစ်ခုကနေ မြေပြင်ကိုဆင်းရမှာဖြစ်ပါတယ်။ ပြီးတော့ အဆောက်အဦးတွေဆောက်ဖို့ လိုအပ်ပစ္စည်းတွေကောက်ရမှာပေါ့။ ပြီးတော့ တစ်ခြား မောင်းလို့စီးလို့ရမယ့် ယာဉ်တွေလည်းပါဦးမယ်ပြောပါတယ်။ ဒီလိုဆို အခုအချိန်အထိကြားရသလောက်ကတော့ လက်ရှိ battle royale ကစားနေသူတွေ မတွေ့ဖူးတာ မရှိသေးပါဘူး။
တစ်ခုထူးခြားလာနိုင်တာကတော့ မြေပြင်ပေါ်မှာတင် မဟုတ်တော့ပဲ ယာဉ်ပျံတွေပါမောင်းလို့ရ မယ်ဆိုတာပါပဲ။ ဒီတစ်ခုကတော့ တစ်ခြား BR game တွေနဲ့ယှဉ်ရင် ပိုမှည့်တယ်ပြောရမှာပေါ့။ Closed beta ပဲရှိသေးတဲ့ အတွက် လောလောဆယ် registration လုပ်ဖို့တော့လိုပါလိမ့်မယ်။ ၃၁ ရက်နေ့ဆိုရင်တော့ link ကုန်သွားမှာဖြစ်တဲ့ အတွက်စိတ်ဝင်စားရင် အမြန်ဆုံး reg သွားလုပ်ထားသင့်ပါတယ်။ Region Restriction ရှိနိုင်ပါတယ်။ android အတွက်ပဲရနိုင်ပါမယ်။ ပြီးတော့ Reg တင်တဲ့သူတိုင်းအတွက် မဟုတ်ပဲ beta code စောင့်ရပါလိမ့်မယ်။


