FNaF6
New Release (Mobiles)

New Mobile Game Release, Weekly

Weekly New ios & Android Release

Witcheye

Witcheye ဆိုတဲ့အတိုင်း ကို်က မျက်လုံးတစ်လုံးနေရာက ပါဝင်ကစားရမှာဖြစ်ပါတယ်။  Side scrolling (ဘေးတိုက်သွားတဲ့ဂိမ်း) ဖြစ်တဲ့အတွက် အများစုနဲ့တော့ မစိမ်းပါဘူး။. Boss fight တွေကတော့ ဘာလုပ်ရမလဲ အရင်စောင့်ကြည့်သင့်ပါတယ်။ နည်းနည်းခက်ချင်တယ်။

App Store

Play Store

Mystic Vale : Mana Storm

ဒီတစ်ခုကတော့ လက်တွေ့အပြင်မှာ တကယ်ရှိတဲ့ CCG Mystic Vale ဆိုတဲ့ card game တစ်ခုကို Nomad Games ဆိုတဲ့ developer က digital version ပြောင်းပေးလိုက်တဲ့ သဘောပါ၊ သွားရင်းလာရင်းကစားလို့ရသွားတာပေါ့။  June တုန်းက မူရင်ဂိမ်းထွက်ရှိခဲ့ပြီး အခုအချိန်မှာတော့ Mana Storm expension ထပ်ထွက်လာပါတယ်။  Leader card တွေအပြင် ကိုယ့် deck ကိုပြင်ဆင်လို့ရမယ့် card နဲ့ advencements တွေ အများကြီးတိုးပေးထားတာတွေ့ရပါတယ်။

App Store

Play Store

FNaF6:FFPS

ခေါင်းစဉ်ကြည့်ပြီး လမ်းမလွဲသွားနဲ့ဦး။ Five Nights at Freddy’s 6 : Freddy Fazbear’s Pizzeria Simulator ကိုပြောတာပါ၊ အခုစာရေးမယ်လုပ်မှ FNAF6 ထွက်နေမှန်းသိတာ။  ကြိုကြော်ငြာတာလုံးဝမတွေ့လိုက်မိဘူး။  စစချင်း player ကို Pizza ဆိုင်တစ်ဆိုင်ကိုင်ခိုင်းပြီး Franchise owner ဖြစ်တဲ့အထိ တဖြည်းဖြည်းနဲ့ ကြီးထွားလာအောင် ဆော့ရမှာပါ။  Mobile horror game ဆိုတော့ ခြောက်ခြားစရာတွေတော့ သူ့ series အတိုင်းပါလာမှာပေါ့။ 

App Store

Play Store

Journey

Gone Home, SKY နဲ့ Donut County ကိုထုတ်လုပ်ခဲ့တဲ့ Annapurna interactive ကပဲနောက်ထပ်ထွက်လာတာ ဖြစ်ပါတယ် ။ နောက်ခံတီးလုံးကောင်းကောင်းရယ်၊ စိတ်ချမ်းသာမှုရယ်ပေါင်းရင်တော့ $5 ကတန်ပါတယ်။  လွန်ခဲ့တဲ့ နှစ် တွေတုန်းက console မှာကစားခဲ့တုန်းက ရသမျိုးကို ပြန်ရနိုင်ပါလိမ့်မယ်ထင်ပါတယ်။

App Store

Vampire’s Fall : Origins

အသစ်မဟုတ်ပေမယ့်  လက်ရှိ update မှာ HUGE update လို့ပြောတဲ့အတိုင်း Expension အသစ်ထွက်လာပြီး မြေပုံအသစ်နဲ့အတူ အတော်များများ ပစ္စည်းသစ်တွေပါလာတဲ့ အတွက် player အဟောင်းတွေရော အသစ်တွေပါသွားလို့ရအောင်ပါ။

App Store

Play Store

This is the Police 2

လောလောဆယ် ဆော့လို့မရသေးပါဘူး၊ ဒါပေမယ့် ကြည့်ထားသင်တဲ့ထဲမှာ ပါတဲ့အတွက် ထည့်ပေးလို်က်ပါတယ်။  လောလောဆယ်တော့ Pre-registration ရပါလိမ့်မယ်။  In-app purchase မပါတဲ့ Premium game တစ်ခုဖြစ်တဲ့အတွက် App Store မှာတော့ $7 လောက်နဲ့ဝယ်ရပါလိမ့်မယ်။

App Store

Play Store

Lock’s Quest

အိုစကေ…. Tower defense ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပါ။  Lock’s Quest ကနောက်လဆိုရင် mobile ပေါ်ရောက်လာပါပြီ။  Nintendo DS ပေါ်မှာစခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။  PC, console version ကိုဆော့ဖူးတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် tower defense တွေထဲမှာ ကိုယ့်နေရာတစ်ခုလုံးကို စိတ်ကြိုက်ဖန်တီးလို့ရတာကတော့ အကောင်းဆုံးထဲကတစ်ခုမဟုတ်လား။ လောလောဆယ် pre-order ရနေပြီး နောက်လမှာထွက်ရှိလာမယ်လို့သိရပါတယ်။

App Store

Play Store

No Newer Articles
%d bloggers like this: