MOVIES

Coming up movies, reviews and related items

POTC အသစ်မှာ Jack Sparrow မပါတော့

Pirates of the Caribbean (POTC) က Disney ထုတ်လုပ်တဲ့ထဲက သက်တမ်းရှည်ရှည်နဲ့ပေါက်တဲ့ ထုတ်ကုန်တစ်ခုလို့ဆိုရမှာပါ။ လူကြီးတွေကနေ ကလေးတွေအထိ အမှတ်တရရှိနေတဲ့ မင်းသားကြီး Johnny Depp ရဲ့ဇာတ်ကောင် Captain Jack Sparrow ကြောင့်လည်း တစ်စိတ်တစ်ဒေသပါဝင်ပါလိမ့်မယ်။ ဒါပေမယ့် အသစ်ပြန်ရိုက်တော့မှာဖြစ်တဲ့ POTC reboot မှာတော့ Johnny Depp မပါတော့ဘူးလို့သိရပါတယ်။ လာမယ့် ၆ခုမြောက် ရုပ်ရှင်မှာတော့ သူတို့သွားမယ့် လမ်းကြောင်းအရ ထည့်သွင်း အသုံးမပြုဖို့ဆုံးဖြတ်လိုက်ကြတယ်လို့သိရပါတယ်။ ဇာတ်ညွှန်းဆရာ အနေနဲ့ကတော့ POTC:…

ရုပ်ရှင်အဖြစ်မြင်ရဦးမယ့် Monster Hunter World

Monster Hunter ကို Capcom ရဲ့ fan တွေကတော့ လွန်ခဲ့တဲ့ PS2 ခေတ်လောက်ကတည်းက အခုအချိန် Monster Hunter World အထိသိနေကြပါလိမ့်မယ်။. ဆော့လည်းကောင်းကောင်းဆော့ဖြစ်နေကြပါလိမ့်မယ်။ မနေ့တနေ့ကပဲ Gamer တွေသိပ်မကြိုက်ကြတဲ့ ဇာတ်လမ်းထဲက အစမ်းပြထားတဲ့ ဝတ်စုံတွေကိုကြည့်ပြီး အတော်လေးဂယက်ရိုက်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မယ့် Miller Jovovich ရဲ့ Instagram မှာ gamer တွေလက်ခံနိုင်လောက်တဲ့ ဝတ်စုံနဲ့ ဂိမ်းထဲက လက်နက်တစ်ခုဖြစ်တဲ့ Slinger ရဲ့တစ်စိတ်တစ်ပိုင်းပုံပါလာတော့မှပဲ နည်းနည်းငြိမ်သွားကြပါတယ်။ Monster…

February မှာရောက်လာမယ့် Dark Phoenix

[zawgyi] Dark Phoenix ရဲ့ Trailer ကတော့ရောက်လာပါပြီ။ X-Men movie series တွေအားလုံးမှာတော့ ဒါကနောက်ဆုံးထွက်လို့ပြောရမှာပေါ့။ နောက်ဆုံးဆိုပေမယ့် ခပ်ဝေးဝေးက Grey အကြောင်းကိုပြန်ပြောပြထားပုံပါပဲ။ Sophie Turner, Jessica Chastainm, James McAvoy နဲ့ Jennifer Lawrence တို့ပါဝင်ထားပြီးတော့ နောက်နှစ် February 14 မှာရုံတင်ပါလိမ့်မယ်။ Trailer အရဆိုရင်တော့ Xavier ရဲ့ကျောင်းကို Grey ဘယ်လိုရောက်လာလဲဆိုပြီးစထားပုံရပါတယ်။ ပြီးတော့ X-Men အားလုံးကို အဆုံးသတ်နိုင်လောက်အောင် ကြီးထွားလာမယ့်…

Halo TV series လာဦးမယ်…

Halo ကိုသိတယ်မလား။ မသိလည်းကိစ္စတော့ သိပ်မရှိပါဘူး။ Gamer တစ်ယောက်ကတော့ တစ်ချိန်ချိန်မှာ Halo ကိုမဖြစ်မနေဆော့ဖြစ်ပါလိမ့်မယ်။ Series တစ်ခုလုံး ဆော့ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ Microsoft ကထုတ်တဲ့ FPS game တစ်ခုဖြစ်ပါတယ်။ ဒါကတော့ သူ့အတွက် ရုပ်ရှင်အကြောင်းပါ။ လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက မကြာခင်ရိုက်မယ်၊ ခုရိုက်မယ်၊ တော်ကြာရိုက်မယ်ဆိုပြီး Microsoft နဲ့ Steven Spielberg တို့ပြောနေခဲ့ကြတာကြာပါပြီ။ အခုတော့ 2019 နှစ်စပိုင်းလောက်လောက်မှာ လုပ်ငန်းစမယ်လို့ကြားပါတယ်။ Halo လို့ပဲ အမည်ပေးထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။…

Fast and Furious ကို animated series ထုတ်ဦးမယ့် Netflix

[zawgyi] “Live life one quarter mile at a time” ဆိုတဲ့စကားနဲ့စခဲ့တဲ့ Fast and Furious ကတော့ animated series ထွက်လာတော့မယ်လို့သိရပါတယ်။ Streaming giant ဖြစ်တဲ့ Netflix နဲ့ ကမ္ဘာကျော် animation ကုပ္မဏီဖြစ်တဲ့ Dreamworks နှစ်ခုပေါင်းပြီး ထုတ်လုပ်မယ်လို့ပြောပါတယ်။ ဇာတ်လမ်းသဘောကတော့ Dom ရဲ့ ဝမ်းကွဲညီတစ်ဦးဖြစ်တဲ့ Tony Torretto က Dom ရဲ့ခြေရာကိုနင်းတဲ့ ညီတစ်ယောက်ပေါ့။ Racing လိုင်းထဲမှာပဲ…

Doom or Duke Nukem?

Doom Movie ကိုမှတ်မိကြသေးရဲ့လား။ 2004 တုန်းက Gamer တစ်ချို့စိတ်ပျက်ခဲ့ရတဲ့ Dwayne “The Rock” Johnson နဲ့ Karl Urban တို့ရဲ့ရုပ်ရှင်တစ်ခုပေါ့လေ။ နောက်ထပ် အသစ်တစ်ခု လာဖို့ရှိနေတယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ Universal 1440 Entertainment ကနေထုတ်လုပ်မယ်ဆိုတာရယ် အဆိုတော်မင်းသမီး Nina Bergman ပါဝင်ရုပ်ဆောင်မယ်ဆိုတာကလွဲရင် ကျန်တာတွေတော့သိပ်မသိရသေးပါဘူး။ သေချာတာကတော့ အရင်ကားထက်အများကြီးကောင်းရမယ်လို့ပြောနေတာပါပဲ။ နောက်တစ်ခုက Universal 1440 ကထုပ်လုပ်မယ်ဆိုတော့ ကျွန်တော်နားလည်သလောက်က Netflix တို့လို digital platform ကနေ…

Sicario 2 ရဲ့ Trailer အသစ်

[zawgyi] ထိတ်လန့်သည်းဖို့ လို့ပြောရမယ့် Thriller ရုပ်ရှင်ကားတွေကြည့်ဖြစ်တယ် ဆိုရင်တော့ 2015 တုန်းကထွက်ထားတဲ့ Sicario ကိုမှတ်မိဦးမယ်ထင်ပါတယ်။ ရိုက်ခဲ့တဲ့ Director ကတော့ Denis Villeneuve ဖြစ်ပါတယ်။ သူဟာ Sicario ကြောင့်ပဲ Arrival နဲ့ Blade Runner 2049 လို ရုပ်ရှင်တွေဆီ ဆက်သွားနိုင်ခဲ့တယ်ထင်ပါတယ်။ Sicario ရဲ့ အဆက်ဖြစ်တဲ့ Sicario : Day of the Soldado ကတော့ လာမယ့် June မှာရုံတင်မှာဖြစ်ပြီး…

The Incredibles 2 အတွက်သိရသမျှ

The incredibles 2 ထွက်လာဖို့စောင့်လိုက်ရတာ အတော်ကြာခဲ့ပါပြီ။ ပထမကားရဲ့ ဇာတ်လမ်းအဆုံးမှာလည်း Underminer ကိုပြထားခဲ့သေးတယ်မဟုတ်လား။ Underminer နဲ့ Parr မိသားစုရဲ့ နောက်ဆက်တွဲ စွန့်စားခန်းတွေက ဘာတွေများဖြစ်လာမလဲပေါ့။ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်စောင့်ခဲ့ရတဲ့ ရုပ်ရှင်တစ်ကားက ဒီအချိန်မှာ ဘာတွေများပါလာမလဲ တစ်ချက်လောက်ကြည့်ရအောင်ဗျာ။ Pixer Animation က 2014 လောက်မှာ The incredible 2 အတွက် စတင်နေပြီလို့ပြောခဲ့ပေမယ့် 2019 လောက်မှပဲ ရုံတင်နိုင်မယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ လာမယ့် 2018…