လူ၃ ယောက်ရှိမယ်ဗျာ ။ခင်ဗျားရယ် A နဲ့ B ပဲဆိုကြပါစို့။ ခင်ဗျားတို့ ၃ ယောက်က တစ်ရုံးထဲမှာ အလုပ်အတူတူလုပ်နေတယ်။ သိပ်ချစ်ကြတဲ့သူတွေ။ ခင်ဗျားတို့က မနက်ရုံးမလာခင် အမြဲတမ်း လက်ဖက်ရည်ဆ်ုင်မှာ မုန့်ဟင်းခါးဝင်စားလေ့ရှိတယ်။မုန့်ဟင်းခါး စားပေမယ့်လို့ B က ငှက်ပျောအူမကြိုက်တဲ့အတွက်ကြောင့် သူ့မှာပါသမျှတွေကို ခင်ဗျားကို ထည့်ပေးတယ်။ ရုံးဖွင့်ရက်တိုင်း အဲဒီကိစ္စကြီးက ပုံမှန်စီးဆင်းနေတယ်။ ဒါပေမဲ့ တစ်ရက်ကျတော့ လက်ဖက်ရည်ဆိုင်မှာ မုန့်ဟင်းခါးစားတဲ့အချိန် အရင်သူထည့်ပေးနေကြ ငှက်ပျောအူကို A ပန်ကန်းထဲကို ထည့်ပေးလိုက်တယ်။ ခင်ဗျားစိတ်ထဲ…
နံရံတွေဘက်မှာ ငါရှိပါတယ်
ငါ ငယ်ငယ်က တိုက်စခန်းတွေ ဆောက်တမ်းဆော့တယ်။ လေးဘက်လေးတန်းကို စောင်တွေ၊ တာလဘတ်တွေ နဲ့ကာတယ်။ ပြီးရင် တစ်နေကုန် အထဲမှာ ဝင်နေနေတယ်။ ငါလုံခြုံမှုရှိတယ်လို့ ခံစားရတယ်။ ကျောင်းရောက်တော့ စာသင်ခန်းရဲ့ ဒုတိယတန်း နံရံဘက်ထောင့်မှာ ငါ အမြဲထိုင်တယ်။ လေးဘက်လေးတန် ငါ့ဘေးမှာ ရှိတဲ့လူတွေ ၊ နံရံတွေကိုကြည့်ပြီး ငါဟာ လုံခြုံတယ်လို့ ခံစားရတယ်၊ ငါငယ်ငယ်က တစ်ယောက်တည်း စောစောအိပ်ရတဲ့ ညတွေမှာဆို နံရံဘက်ကို အတင်းကပ်ပြီး အိပ်တယ်၊ ခြုံရမဲ့ စောင်ကို ခြေရင်းမှာ လုံးနေအောင် ပုံထားပြီးတော့…
Whisky!! မူမှန်တဲ့ ဆေးတစ်ခွက်…
စိတ်ကောင်းလေးနည်းနည်းရယ်၊ ဆင်ခြင်တုံတရားနည်းနည်းရယ်၊ ပြီးတော့ မူမှန်နေတဲ့ စိတ်သာရှိမယ်ဆို တွေးကြည့်လိုက်တာနဲ့ whisky ဆိုတာဟာ လူသားတွေအတွက် မီး ကိုရှာတွေ့ခြင်းပြီးရင် ဒုတိယအကြီးမားဆုံး ရှာဖွေတွေ့ရှိမှုကြီးပဲ လို့ပြောကြမှာပဲမဟုတ်လား။ Whisky ဆိုတာက လူတစ်ယောက်အတွက် ဘယ်လောက်ပဲ စိတ်ပုတ်နေပါစေ၊ အေးအေးဆေးဆေးဖြစ်သွားစေတယ်၊ လူရော စိတ်ရော အေးဆေးသက်သာ အပင်ပန်းပြေစေတယ်။ Willie Nelson နဲ့ Toby Keith တို့ပြောခဲ့သလိုပဲ beer ဆိုတာ မြင်းတွေအတွက် ဘီးကြဲတွေအတွက်ကတော့ whisky လို့ပြောခဲ့ကြတယ်မဟုတ်လား။ (သူတို့ပြောတာနော်၊ ကျုပ်က beer လည်းလွတ်တာမဟုတ်ဘူး။)…