DOTA 2
Beta စမ်းထားတာပါ။ အားတဲ့အချိန်တော့ ဖြည်းဖြည်းချင်းဖြည့်သွားပါမယ်။
INTRO
Dota 2 ဆိုတာက Action RTS game တစ်ခုဖြစ်ပြီးတော့ Valve Corporation ကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 2013 ခုနှစ်မှာတော့ Windows နဲ့ Mac OS အတွက် အသီးသီး ထွက်ရှိလာတာဖြစ်ပါတယ်။ OK နော်… PC game… mobile game မဟုတ်ဘူး။ မူလဇစ်မြစ်ကတော့ Warcraft 3 ရဲ့ Defence of the Ancients (DotA) ဆိုတဲ့ Mod တစ်ခုကနေ လာတာဖြစ်ပါတယ်။ ဒီ Mod ကိုလည်း Starcraft ရဲ့ မြေပုံတစ်ခုဖြစ်တဲ့ Aeon of Strife ကိုအခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဒီဂိမ်းရဲ့ အကြမ်းမိတ်ဆက်ပါ။ အသေးစိတ်သိချင်ရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။
ဖတ်လိုလွယ်အောင် အပိုင်းတွေခွဲထားပေးပါတယ်။ Tab တစ်ခုချင်းစီရဲ ခေါင်းစဉ်တွေအတိုင်း ရေးထားပါတယ်။ data များတာရယ် ကျွန်တော်တို့အားတဲ့ အချိန်မှာရေးကြတယရယ်ဆိုတော့ ဖြည်းဖြည်းချင်း update လုပ်သွားကြတာပေါ့။ အမှားအမှန် ကိစ္စတွေမှာ Player တွေရဲ့ အကူအညီလည်း လိုပါလိမ့်မယ်။ လိုတာတွေရှိနေဦးမှာဆိုတော့ daddyredplayer@gmail.com ကိုပို့ပေးနိုင်ပါတယ်။

HEROES

Last updated on 28th February 2017.
- Page was created for the love of this game under CC. Dota 2 content and materials are trademarks and copyrights of Valve or its licensors. This site is not affiliated with Valve.