BUILDINGS

Buildings

Building တွေက ဂိမ်းစကတည်းက ပေါ်လာပြီးတော့ Dota 2 တစ်ခုလုံးရဲ့ နိုင်ပွဲကိုအဆုံးဖြတ်ပေးတဲ့ အရာတွေလို့ပြောလို့ရပါတယ်။ ၂ ဖက်လုံးမှာ အရေအတွက် အညီအမျှ၊ တည်နေရာနဲ့ အခြေခံအချက်အလက်နဲ့ အလုပ်လုပ်ပုံတွေတူညီပြီး ပြင်ပပုံစံတစ်ခုပဲကွဲပြားသွားတာဖြစ်ပါတယ်။  များသောအားဖြင့် ရွှေ့ပြောင်းလှုပ်ရှားလို့မရပဲ ခံစစ်အနေနဲ့ပဲတွေ့ရပါလိမ့်မယ်။တစ်ချို့ Spell အနည်းငယ်ကပဲသူတို့ကို သက်ရောက်နိုင်ပါတယ်။  armor အနေနဲ့ structure armor type ဖြစ်ပြီးတော့ သူတို့ကတိုက်ခိုက်မယ်ဆိုရင် siege damage က Damage ပိုသက်ရောက်ပါတယ်။ သူတို့ကို ဖျက်ဆီးတဲ့အခါ ရန်သူအသင်းတစ်သင်းလုံးကို gold ပေးပါတယ်။  Building တွေရဲ့ HP ကနည်းသွားပြီး ၁၀% အောက်ရောက်ပြီဆိုတာနဲ့ deny လုပ်လို့ရပါတယ်။  ရန်သူကို gold ပေးတယ်ဆိုပေမယ့် exp တော့မပေးပါဘူး။ building တွေက တစ်ခြား အကောင်တွေလို ဖျက်ဆီးခံထိပြီးရင် ပြန်ပေါ်လာခြင်း မရှိတော့ပါဘူး။
တစ်ဖက်အသင်းတွေဆီမှာ အားလုံးပေါင်း  building 29 ခုရှိပါတယ်။
အမျိုးအစားနဲ့ဆိုရင်တော့ ဒီအတိုင်းရမယ်ထင်တယ်။

1. Towers

2. Barracks

3. Ancients

4. Fountains

5. Shrine

6. Effigy buildings

dota 2 logo

Towers

အသင်း ၂ သင်းအတွက် အဓိကခံစစ်တိုင်တွေဖြစ်ပြီးတော့ လမ်း တစ်လမ်းအတွက် ၃ တိုင်စီရှိတဲ့အပြင် Ancient တစ်ခုစီအတွက် ၂ တိုင်အပါအဝင် တစ်သင်းကို အားလုံးပေါင်း ၁၁ တိုင်ရှိပါတယ်။ tower ခံစစ်တိုင် တွေမှာ အဆင့် ၄ ဆင့်သတ်မှတ်ထားပါတယ်။

Tier 1 – လမ်းရဲ့ ပထမဆုံးတိုင်

Tier 2 – လမ်းအလယ်

Tier 3 – လမ်းသုံးလမ်း Base ရဲ့ အထိပ်

Tier 4 – Ancient ရှေ့တည့်တည့် ၂ တိုင်

ဒီအဆင့်တွေကိုကျော်ပြီးတော့ တိုက်ခိုက်လို့မရပါဘူး။ ဆိုလိုတာက Tier 1 တိုင်မကျိုးပဲ Tier 2 တိုင်ကို တိုက်ခိုက်လို့မရပါဘူး။ Tier 4 တိုင်တွေကို ဖျက်ဖို့အတွက်တော့ Barrack တွေကိုတော့ထည့်တွက်မထားပါဘူး။ နောက်ဆုံး Ancient ကိုဖျက်ဆီးဖို့အတွက်တော့ Tier 4 တိုင်တွေကျိုးဖို့လိုပါလိမ့်မယ်။ ဒါကို invulnerable လို့ခေါ်ပါတယ်။

Tower တိုင်တွေအားလုံးမှာ အဝေးမြင်နိုင်စွမ်း (vision range) 1900/800 ရှိပြီး ဒီအကွာအဝေးအတွင်းတိုက်ခိုက်နိုင်ပါတယ်။ True sight ကတော့ 700 အတွင်း ကိုယ်ပျောက်တွေကိုမြင်ပါလိမ့်မယ်။ Tower တွေအနေနဲ့ ရန်သူကိုပဲ တိုက်ခိုက်မှာဖြစ်ပြီး neutral creep တွေကို လစ်လျုရှုထားပါလိမ့်မယ်။ ပြီးတော့ defensive နဲ့ supportive ability တစ်ခုစီရှိကြပါတယ်။ ဇယားမှာတော့ သေသေချာချာမြင်ရမယ်ထင်ပါတယ်။ Tower တွေက last hit ကို ရွေပိုပေးပါတယ်။ Denied လုပ်ခံရရင်တော့ gold တစ်ဝက်ပဲရမှာပါ။

Attack Priority

Tower တွေအားလုံးက auto-attack စနစ်ကိုသုံးကြပါတယ်။  ရွေးပစ်တဲ့ပုံစံကတော့ သူမြင်ရတဲ့ စက်ဝိုင်းထဲကို ပထမဆုံးရောက်လာတဲ့ ရန်သူကိုစပစ်ပါတယ်။  ဒီရန်သူက သေသွားရင်၊စက်ဝန်းထဲကထွက်သွားရင် နောက်ရန်သူကိုရှာပါတယ်။ အဓိကအချက် ၃ ချက်နဲ့ ရှာပါတယ်။  ရန်သူက တိုင်နဲ့ အနီးဆုံးဖြစ်ပြီး တိုင်ကို တိုက်ခိုက်နေရမယ်၊ အနီးဆုံးဖြစ်မယ် ကိုယ့်အကောင်တွေကိုတိုက်နေမယ်၊ ရန်သူဖြစ်ပြီး ရန်သူကိုတိုက်ခိုက်နေမယ်ဆိုတဲ့ အချက် ၃ ချက်နဲ့ အဆင့်ဆင့် ဆုံးဖြတ်ပါတယ်။
ဒီအချက်တွေအားလုံးမှာ တိုင်တွေအနေနဲ့ Hero နဲ့ creep မခွဲခြားပဲ အကုန်လုံးကို အတူတူပဲသတ်မှတ်ပါတယ်။  ဒါပေမယ့် ward နဲ့ siege creeps တွေကိုတော့ ခွဲခြားပါတယ်။  ward နဲ့ siege creeps ရွေးရင် အရင်ဆုံး siege creep ကိုရွေးပါတယ်။  siege creep ကိုပစ်နေရင်းနဲ့ သူ့စက်ကွင်းထဲကို hero ဖြစ်ဖြစ် တစ်ခြား creep ဖြစ်ဖြစ်ဝင်လာရင် ချက်ချင်း ပစ်မှတ်ပြောင်းပြီးပစ်ပါတယ်။
တိုင်တွေ ပစ်မှတ်ပြောင်းပြီးပစ်နိုင်တဲ့ အခြားအခြေအနေ ၂ ခုကတော့၊  1. range 500 အတွင်းမှာရှိနေပြီးတော့ ရန်သူHero တစ်ကောင်က ကိုယ့် hero ကို တိုက်ခိုက်နေမယ်ဆိုရင် အဲ့ဒီ hero ကိုပြောင်းပြီးတိုက်ခိုက်ပါလိမ့်မယ်။ Hero မဟုတ်ရင်တော့ မပြောင်းပါဘူး။  Regular attack ဖြစ်ဖို့လည်းလိုပါတယ်။ 2. ရန်သူ Hero ဖြစ်ဖြစ် creep ဖြစ်ဖြစ် အချင်းချင်း တိုက်ခိုက်ဖို့ (A ထောက်လိုက်တာနဲ့) တိုင်က ထောက်ခံရတဲ့ကောင်ကိုပြောင်းပြီးပစ်ပါတယ်။  အမိန့်ပေးလိုက်ရုံနဲ့ပဲစတင်တိုက်ခိုက်မှာပါ။  တိုင်က စတင်တိုက်ခိုက်ပြီဆိုတာနဲ့ ပြီးဆုံးတဲ့အထိတိုက်ခိုက်မှာဖြစ်ပြီး သူပစ်နေတဲ့ ရန်သူသေသွားတာဖြစ်စေ ပစ်ဖို့ အလှမ်းဝေးတဲ့အထိဖြစ်စေ မှပဲရပ်မှာပါ။

700px-Towers
Towers
700px-Barracks
Barracks

Barracks

Barracks ကို Rax လို့လည်းခေါ်ကြပါတယ်၊ Tier 3 တိုင်တွေကာကွယ်ပေးထားပါတယ်။ Lane တစ်ခုအတွက် barrack ၂ ခုစီပေးထားပါတယ်။ တစ်ခုက melee creep နဲ့နောက်တစ်ခုကတော့ range creep အတွက်ဖြစ်ပါတယ်။ Ranged barrackတွေကအမြဲတမ်း ဘယ်ဘက်ခြမ်းမှာပဲတည်ရှိမှာဖြစ်ပါတယ်။

Barrack တွေကို Tier 3 တိုင်တွေမကျိုးပဲ တိုက်ခိုက်လို့မရပါဘူး။ damage သက်ရောက်မှာမဟုတ်ပါဘူး။ Barrack တွေကိုပျက်ဆီးသွားတဲ့အခါ creep တွေထွက်တာရပ်သွားမှာ မဟုတ်ပါဘူး၊ ဆက်ပေါ်နေမှာပါ။ ရန်သူဘက်က creep ကိုတော့ super creep ဖြစ်သွားစေပါတယ်။ ရန်သူဘက်က melee barrack ကိုဖျက်ဆီးလိုက်တဲ့အခါ ကိုယ့် ဘက် လမ်းရဲ့ melee creep တွေက super melee creep တွေဖြစ်လာမှာပါ။ ranged barrack ဖျက်ရင် ranged creep aတွက super ဖြစ်လာပါလိမ့်မယ်။ ရန်သူ့ barrack 6ခုလုံးပျက်ပြီဆိုရင်တော့ ကိုယ့်ဘက်မှာ mega creep တွေစထွက်ပါလိမ့်မယ်။

Barrack တွေမှာ vision range 900/600 ရှိပြီး ဘာကိုမှ မတိုက်ခိုက်နိုင်ပါဘူး။ special ability ၊ true sight စတာတွေလည်းမပါဝင်ပါဘူး။

Barrack တွေဟာ သူတို့ကို နောက်ဆုံး Last Hit နဲ့ ချိုးတဲ့သူကို Gold ပေးရုံတာမက ရန်သူ့ တစ်သင်းလုံးကိုပါ Gold ပေးပါတယ်။ Barracks တွေကို Deny လုပ်ရင်တောင် ရန်သူ့ Team က ရမဲ့ Gold ကို လျှော့ပေးမှာမဟုတ်ပါဘူး။

700px-Ancients
Ancients

Ancients

DotA အနွယ်အနေနဲ့ တစ်ချို့ကတော့ အခုအချိန်အထိ Tree (Radient) နဲ့ Throne (Dire)လို့ခေါ်နေကြတုန်းပါပဲ။ ပွဲတစ်ပွဲလုံးမှာ အရေးအကြီးဆုံး အဆောက်အဦးဖြစ်ပါတယ်။ ဘယ်လိုပဲ ဘာတွေလုပ်လုပ် Ancient ပြိုရင် ရှုံးပါတယ်။ Ancient ကို Tier 4 တိုင် ၂ တိုင်နဲ့ ကာကွယ်ထားပါတယ်။ အဲ့ဒီတိုင် ၂ တိုင်ကျိုးသွားရင်တော့ Ancient ကို စတင်တိုက်ခိုက်လို့ရပါပြီ။ Ancient တွေမှာ vision range 2600/2600 နဲ့ True sight 900 ပတ်ဝန်းကျင်ထိ ရှိပါတယ်။

700px-Fountains
Fountains

Fountains

Hero တွေစထွက်တဲ့ respawn area လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ အနီးအနားမှာရှိနေတဲ့ မိတ်ဆွေ အကောင်အားလုံးကို HP,MP ပြန်ဖြည့်ပေးပါတယ်။ hero တွေရဲ့ တာထွက်နေရာကိုလည်း ပြင်းပြင်းထန်ထန်ကို ကာကွယ်ထားတာတွေ့ပါလိမ့်မယ်။ သူ့နေရာထဲဝင်လာရင် damage များတဲ့ တိုက်ခိုက်တာကိုခံရပါလိမ့်မယ်။ Fountains တွေနဲ့ tower တွေရဲ့ ရန်သူကိုရွေးချယ်တိုက်ခိုက်တဲ့ စနစ်ကတူတူပါပဲ။ ကွာတာက အထက်မှာပြောခဲ့တဲ့ tower တွေကို aggro ကစားသလို သူတို့ကို ကစားလို့မရဘူးပေါ့။ Fountain တွေမှလည်း invulnerable ရှိပြီး အမြဲတမ်း မကျိုးပျက်နိုင်တဲ့အတွက် သူတို့ကို ဘယ်တော့မှဖျက်ဆီးလို့ရမှာမဟုတ်ပါဘူး။ Fountain မှာ Vision 1800/1800 ပါမှာဖြစ်ပြီး True Sight ကတော့ 1200 Radius ဖြစ်ပါတယ်။

Fountain Ability

Rejuvenation Aura

  • Aura ရဲ့ buff က ၃စက္ကန့်ရမှာပါ။
  • Hero တွေကို HP,MP ပြန်ဖြည့်ပေးတာက regen ပုံစံနဲ့ဖြစ်ပြီးတော့ 0.1 စက္ကန့်မှာ အမြင့်ဆုံး HP ရဲ့ 0.5% နဲ့ အမြင့်ဆုံး MP ရဲ့ 0.6% ကြို ဖည့်ပေးပါလိမ့်မယ်။
  • တစ်ခြား regen လုပ်တဲ့ item တွေ ability တွေရှိရင်လည်း ထပ်ပေါင်းပေးပါတယ်။  Bonus တော့မပါဘူးပေါ့။
  • တစ်ကောင်ကို 20 စက္ကန့်အတွင်း HP အပြည့်ပြန်ဖြည့်ပေးနိုင်ပါတယ်၊ Mana ကိုတော့ 16.67 sec မှာ အပြည့်ပြန်ဖြည့်ပေးနိုင်ပါတယ်
  • aura က bottle ကိုလည်းပြန်ဖြည့်ပေးပါလိမ့်မယ်၊ ပြီးတော့ courier ကိုလည်းတိုက်ခိုက်လို့မရအောင် ကာကွယ်ပေးပါတယ်။
  • Aura ရှိတဲ့ အတွက် အဲ့ဒီ ၃ စက္ကန့်အတွင်းကတော့ bottle ကအလိုလျှောက်ပြန်ပြည့်နေပါလိမ့်မယ်။
  • Invulnerable ကိုပဲသက်ရောက်တာဖြစ်ပြီးတော့၊Hidden Units တွေကို သက်ရောက်မှာမဟုတ်ပါဘူး
700px-Effigy_Buildings
Effigy Buildings

Effigy Buildings

အပေါ်မှာပြောခဲ့တဲ့ အဆောက်အဦးတွေအပြင် အပိုထည့်ထားပေးတဲ့ ကြားခံအဆောက်အဦးတွေဖြစ်ပါတယ်။ တကယ်တော့ တိုင်တွေတစ်ခုနဲ့ တစ်ခုကြားမရောက်ခင် creep တွေကို အလုပ်အပိုပေးထားတဲ့ သဘောပါပဲ။ ပင်မစခန်းထဲမှာတော့ အဲ့လိုမျိုး ၅ ခုလောက်ရှိပါလိမ့်မယ်။

Effigy Blocks တွေသုံးပြီးတော့ သူတို့ကို ပုံစံပြောင်းလို့ရပါလိမ့်မယ်။ ဖျက်စီးခံရတဲ့အခါ စာတန်းပေါ်လာမှာပေါ့။ သူတို့က အပေါ်ယံ သက်သက်ပဲအလုပ်လုပ်ပြီးတော့ တစ်ခြားသက်ရောက်မှုဘာမှမရှိပါဘူး။

သူတို့မှာ vision range 900/600 ရှိပြီးတော့ တိုက်ခိုက်တာမလုပ်နိုင်သလို့ ability လည်းမရှိပါဘူး၊ true sight လည်းမပါပါဘူး။ last hit မှာတော့ gold ပေးပါတယ်။

Health

BuildingsHealthDeny HealthArmorHP RegenBackdoor Protection
Tier 1 Tower1400140140no
Tier 2 Tower1600160160Yes
Tier 3 Tower1600160160Yes
Tier 4 Tower1600160243Yes
Melee Barracks1500150155Yes
Ranged Barracks1200120100Yes
Shrine1500150200Yes
Effigy1000100120Yes
Ancient4250n/a153Yes

Damage

BuildingDamageBATDPSAttack DamageProjectile speed
Tier 1 tower100-1201110700750
Tier 2 tower142-1620.95137.89700750
Tier 3 tower142-1620.95137.89700750
Tier 4 tower142-1620.95137.89700750
Fountain220-2400.151533.3312001400

Gold

BuildingTeam (Gold)Deny (Gold)last hit (Gold)
Tier 1 Tower
12060150-250
Tier 2 Tower200100150-250
Tier 3 Tower200100150-250
Tier 4 Tower200100150-250
Ranged Barracks150150100-150
Melee Barrack225225100-150
Shrine6251250
Effigy00125
700px-Backdoor_Protection_radius
back door protection area

Backdoor protection

Backdoor protection ကတော့ ဥပမာ- Tier 1 တိုင်မှာ မတိုက်ပဲ ကျော်လာပြီး Tier 2 တိုင်ကို လာတိုက်မှာစိုးလို့ ကာကွယ်ထားတဲ့ သဘောပါပဲ။ အပေါ်မှာရှင်းပြပြီးသားရှိတော့ သိပြီးသားတော့ဖြစ်ပါလိမ့်မယ်။ ပုံမှာပြထားတဲ့အတိုင်းကြည့်ရင်တော့ backdoor protection ပေးထားတဲ့နေရာကိုသေသေချာချာမြင်ပါလိမ့်မယ်။ Tier 2 တိုင်ကစပါတယ်။ ပင်မစခန်းထဲမှာ fountain ကလွဲရင်ကျန်တာ အားလုံး protection ရှိပါတယ်။ Tier 2 တိုင်တွေက သီးခြား protection ရှိနေတာတွေ့ပါလိမ့်မယ်။ အသေးစိတ်ဆိုရင်တော့ Tier 1 တိုင်နဲ့ ပင်မစခန်းအပြင်မှာရှိတဲ့ Shrine ကလွဲရင် ကျန်တဲ့ အဆောက်အဦးအကုန်လုံး backdoor protection ရှိပါတယ်။ Tier 2 တိုင်တွေကတော့ သူတို့ကို ဗဟိုပြုထားတဲ့ range 900 ရှိတဲ့ စက်ဝိုင်းထဲမှာ တည်ရှိကြပါတယ်။ ပင်မစခန်းထဲက အဆောက်အဦးအားလုံးက စက်ဝိုင်း range 4000 ထဲမှာရှိတဲ့အတွက် အဲ့ဒီစက်ဝိုင်းပျက်တာနဲ့ အဆောက်အဦးအားလုံး protection ပျက်ပါတယ်။

True Sight

Towers, Ancients, fountains အားလုံးမှာ true sight ရှိပါတယ်။ သူတို့က ကိုယ်ပျောက်နဲ့ အားလုံးကိုမြင်နိုင်ပါတယ်။ တစ်ခုနဲ့ တစ်ခုမြင်နိုင်တဲ့ အကွာအဝေးတွေတော့မတူကြပါဘူး။ True sight ကတကယ်တော့ buff တစ်ခုအဖြစ်အလုပ်လုပ်တာဖြစ်ပြီး စက်ဝိုင်းထဲကထွက်သွားပေမယ့်လည်း 0.5 စက္ကန့် အထိရှိနေပါသေးတယ်။ ဒါပေမယ့် Shadow Dance, Smoke of Deceit တို့ဆိုရင် မမြင်ရပါဘူး။ ပြီးတော့ Aghanim’s Scepter ဆက်ထားတဲ့ Techies ရဲ့ Minefield Sign ကိုလည်းတွေ့မှာမဟုတ်ပါဘူး။

Beta Version.  Last updated on 16th September 2017.

  • Page was created for the love of this game.  Dota 2 content and materials are trademarks and copyrights of Valve or its licensors.  This site is not affiliated with Valve.