CREEPS
Creep ဆိုတာကတော့ Dota 2 ထဲမှာ hero, building, ward နဲ့ courier မဟုတ်ရင် ကျန်တဲ့ အကောင်တွေကိုခေါ်ပါတယ်။ သူတို့မှာ အကြမ်းအားဖြင့် ၃ မျိုးခွဲထားနိုင်ပြီးတော့ faction (ဂိုဏ်း) တစ်ခုခုကဖြစ်ရင်ဖြစ်၊ Neutral (ဘယ်ဘက်မှအပါတဲ့ ကြားနေ) နဲ့ player တစ်ယောက်ယောက်က ဖန်ဆင်းထားတဲ့ အကောင်တွေ(Summon)ဆိုပြီး သတ်မှတ်နိုင်ပါတယ်။ Hero နဲ့မတူတဲ့အချက်တွေကတော့ သူတို့မှာ experience နဲ့ level မတက်နိုင်ပါဘူး။ တစ်ကောင်ချင်းစီမှာတော့ သတ်မှတ်ထားတဲ့ experience နဲ့ gold ကို အသတ်ခံရတဲ့ အခါ အနားမှာရှိတဲ့ ဟီးရိုးတွေက ရပါတယ်။ တစ်ကောင်ချင်းစီရဲ့ သတ်မှတ် အရည်အချင်းတွေကတော့ modifier တွေနဲ့ဆိုရင် buff/debuff လုပ်လို့ရပါတယ်။
Creeps တွေကို lane creeps နဲ့ Neutral Creeps ခွဲလို့ရပါတယ်။
Lane Creep
Lane creep ဆိုတာက နာမည်အတိုင်း လမ်းကြောင်း ၃ ခုစီကို ခွဲထွက်သွားတဲ့ creep အုပ်စုတွေ (creep wave) ကိုခေါ်ပါတယ်။ သူတို့ဦးတည်တာကတော့ တစ်ဘက်အသင်းရဲ့ Ancient ဆိုတဲ့ အဆောက်အဦးကိုပါ။ Lane creep တွေရဲ့ အရေးကြီးတဲ့ အချက်က တစ်ဘက်အသင်းတွေအတွက် experience နဲ့ gold ရနိုင်တာပါ။ Hero တစ်ကောင်ချင်းစီ အတွက် last kill ရခဲ့ရင် gold ရပါတယ်။ ပြီးတော့ ရိုးရှင်းတဲ့ AI ဖြစ်တဲ့အတွက် hero တွေက creep ကိုကိုယ်သွားစေချင်တဲ့ လမ်းကြောင်းအတိုင်းထိန်းပေးလို့ရပါသေးတယ်။ Creep control technique မှာဖတ်ရင် တော့ပိုရှင်းပါလိမ့်မယ်။
Types
Melee, Ranged နဲ့ Siege ဆိုပြီး Lane creeps တွေကို ၃ မျိုးခွဲခြားထားပါတယ်။ Melee နဲ့ Ranged မှာ melee တွေက အုပ်စုတောင့်ပြီး damage နည်း၊ health များပါတယ်၊ Ranged တွေကတော့ meleeထက်စာရင် melee creeps တွေအပေါ် damage ပိုများပြီး HP သွေး နည်းပါတယ်။ သူတို့ရဲ့ damage သက်ရောက်မှုက hero နဲ့ building တွေအပေါ်မှာတော့ နည်းပါတယ်၊ အဝေးပစ် အကောင်တွေဖြစ်ပါတယ်။ Siege ဆိုတဲ့ creep တွေကတော့ wave ၁၀ကြိမ်မှာမှ တစ်ကြိမ်ပေါ်တာဖြစ်ပြီး သူတို့ရဲ့ damage က building တွေကိုအဓိကထားပါတယ်။ အဝေးပစ်ဖြစ်ပြီးတော့ တစ်ခြား ရန်သူထဲမှာ building ကိုပဲ အဓိကထားပစ်ပါလိမ့်မယ်။ တစ်ဘက်အသင်းရဲ့ base (ပင်မစခန်း) ထဲမှာရှိတဲ့ range ဒါမှမဟုတ် melee barrack (မြန်မာလိုတော့ ဘားတိုက်ပဲခေါ်နေကြတာပဲ… တန်းလျှားပေါ့ဗျာ) ကိုဖျက်ဆီးနိုင်ရင် ကိုယ့်ဘက်မှ Super creeps ဆိုတဲ့ damage နဲ့ သွေးပိုများတဲ့ အကောင်တွေ စထွက်ပါတယ်။ barrack ကျိုးတဲ့ လမ်းအတွက်ဖြစ်ပါတယ်။ သူတို့က တစ်ဘက်အသင်း အတွက် ပေးတဲ့ experience နဲ့ gold လည်း နည်းသွားပါတယ်။ သတ်ရပိုခက်ပြီး gold ရတာနည်းသွားတာပေါ့။ ရှိသမျှ ဘားတိုက်အကုန်ကုန်ပြီဆိုရင်တော့ Mega creep ဖြစ်သွားပါပြီ။ lane 3 ခုလုံးကထွက်လာမှာပါ။ Siege creeps က damage ပိုများလာပါတယ်။
Spawning (ပေါ်ပေါက်ချိန်)
Lane creep တွေက game timer 00:00 ဖြစ်တာနဲ့ စပြီးပေါ်ပါတယ်။ ခရာမှုတ်တာနဲ့ ပေါ်တယ်ပေါ့။ စစချင်းမှာတော့ siege creep တွေမပါသေးပါဘူး။ ၁၁ ခုမြောက် အုပ်မှာမှ စပြီးပေါ်ပါတယ်။ နောက်ပိုင်း ၁၀ အုပ်မြောက်တိုင်းမှာ ပေါ်ပါတယ်။ ဆိုလိုတာက siege creep တွေက ၅မိနစ်တိုင်းတစ်ခါပေါ်တယ်လို့ပြောရမှာပေါ့။ ပထမဆုံးကောင်ကလည်း ၅မိနစ်မှ စပေါ်တာပါ။
Creep အုပ်တစ်ခုမှာ အကောင်ရေအများဆုံးက melee creep တွေဖြစ်ပါတယ်။ အစပိုင်းမှာ ၃ ကောင်လောက်ကနေ နောက်ပိုင်း ၆ ကောင်အထိထွက်ပါတယ်။ စစချင်းမှာ melee 3, ranged 1, siege 1 က ၁၀ခုမြောက် wave မှာလာပါတယ်။ အလယ်လမ်းကတော့ melee 4 ကောင်ပါလာပါလိမ့်မယ်။ နောက်ပိုင်း တဖြည်းဖြည်းတိုးသွားတာတွေ့ရပါလိမ့်မယ်။
Wave 31 နှင့်အထက် (15:00 မိနစ်) – melee creep ၁ ကောင်တိုး(ဘေးလမ်း)
Wave 61 နှင့်အထက် (30:00 မိနစ်) – melee creep ၁ကောင် နဲ့ siege creep ၁ ကောင်စီထပ်တိုး (လမ်းအားလုံး)
Wave 79 နှင့်အထက် (40:00 မိနစ်) – ranged creep ၁ကောင်
Wave 91 နှင့်အထက် (45:00 မိနစ်) – melee creep တစ်ကောင်ထပ်တိုး။(လမ်းအားလုံး)
ဒါဆိုရှင်းမယ်ထင်ပါတယ်။ ၄၅ မိနစ်ဆိုရင် ၁၀ခုခြား creep အုပ်တစ်ခုမှာ melee 6၊ ranged 2၊ siege 2ဖြစ်နေပါပြီ။
Stats
Creep တွေက exp မရသလို level လည်းမတက်ပေမယ့် သူတို့ရဲ့ HP, damage နဲ့ သတ်ရင်ရတဲ့ gold ကမိနစ်အလိုက်တိုးလာတာရှိပါတယ်။ ဒါကိုတော့ ဇယားနဲ့ပြထားပေးပါတယ်။ ပုံမှန်ကတော့ ၇မိနစ်နဲ့ ၃၀ စက္ကန့်တိုင်းမှာ တိုးပါတယ်။
Melee creeps : +12 health, + 1 attack damage, +1 gold bounty
Super melee creeps : +19health, +2 attack damge, +1 gold bounty
Ranged Creeps : +12 health, +2 attack damage, +1 gold bounty
Super ranged creeps : +18 health, +3 attack damage, +1 gold bounty
Siege creeps : ထပ်တိုးမရှိ
Mega creeps : ထပ်တိုးမရှိ
Siege creep တွေကတော့ ထပ်တိုးတစ်ခုပဲရပါတယ်။ ရန်သူရဲ့ ranged barrack ပျက်ပြီဆိုတာနဲ့ သူတို့မှာ +16 attack damage ရပါတယ်။
Lane creep တွေကို deny လုပ်တဲ့အခါ ဖြစ်ဖြစ် Neutral creep သတ်လို့သေရင် ဖြစ်ဖြစ် သူ့ဆီကရမယ့် exp ရဲ့ 25% ကိုပဲ အနီးနားက ရန်သူကရပါတော့တယ်။ ကျန်တဲ့ 25% ကတော့ အနီးမှာရှိတဲ့ မိတ်ဆွေအကောင်တွေကရပါတယ်။ gold ကတော့ last hit ထိတဲ့ ရန်သူတစ်ဦးတည်းကိုပဲပေးပါတယ်။
Aggro ကိုတော့ creep control မှာပြန်ရှင်းထားပါတယ်။



Neutral Creep
Neutral Creep ဒီကောင်တွေက ဘယ်ဘက်ကိုမှမပါပဲ သီးခြားရပ်တည်နေတဲ့ အကောင်တွေပါ။ သူတို့ဆီက gold နဲ့ exp ရဖို့အတွက်ပဲ အသုံးဝင်ပါတယ်။ creep အုပ်စုတွေရှိတဲ့နေရာတွေကို camp (တဲစခန်း) လို့ခေါ်ပါတယ်။ Roshan ရှိတဲ့နေရာကိုတော့ den (သားရဲတွင်း) လို့ခေါ်ပြီး သူကိုလည်း Neutral creep လို့ပဲသတ်မှတ်ထားပါတယ်။ Camps Neutral creep တွေအုပ်လိုက်ရှိနေပြီးတော့ small, medium, large နဲ့ ancient creep ဆိုပြီးခွဲခြားပါတယ်။
Natural Creeps တွေက ပွဲစပြီး ၁မိနစ်မှစပေါ်တာဖြစ်ပြီးတော့ တစ်မိတစ်တစ်ကြိမ်ပေါ်ပါတယ်။ ဒါပေမယ့် သူတို့ပေါ်ရမယ့် နေရာမှာ ward တွေဖြစ်ဖြစ် တစ်ခြားတစ်ကောင်ကောင်ရှိနေရင်တော့ မပေါ်တော့ပါဘူး။
ပွဲစောစော level 6 မတိုင်ခင် Hero တစ်ကောင်ကောင်များ Neutral creep သတ်လို့သေရင် respawn ဖြစ်ဖို့ 26 စောင့်ရပါလိမ့်မယ်။ ဒါပေမယ့် Hero တစ်ကောင် သူတို့သတ်လို့သေရင် exp နဲ့ gold မတွက်ပါဘူး။
ပင်မတော့ထဲမှာ
Small ( ၁ စခန်း)
Medium (၂ စခန်း)
Large (၂ စခန်း)
Ancient (၁ စခန်း) ရှိပြီးတော့
ဒုတိယ ဧရိယာမှာ
Medium ( ၁ စခန်း)
Large (၁ စခန်း)
Ancient (၁ စခန်း) ရှိပါတယ်။
Small Camps (Natural Creeps)
Creeps | Camp Name | Gold | Experience | Health | Abilities |
---|---|---|---|---|---|
![]() | Kobold (5 units) | 52-67 | 113 | 1445 | Speed Aura |
![]() | Hill Troll (3 units) | 59-68 | 99 | 1450 | Heal,, Mana Aura |
![]() | Hill Trol and Kobold (3 Units) | 60-71 | 99 | 1400 | Speed Aura |
![]() | Vhoul Assassin (3 Units) | 60-72 | 99 | 1110 | Envenomed Weapon |
![]() | Ghost (2 Units) | 62-74 | 116 | 1300 | Frost Attack |
![]() | Harpy (3 Units) | 71-81 | 107 | 1350 | Chain Lighting |
Medium Camps (Neutral Creeps)
Creeps | Camp Name | Gold | Experience (Total) | Health (Total) | Abilities |
---|---|---|---|---|---|
![]() | Centaur | 69-81 | 128 | 1250 | Cloack Aura, War Stomp |
![]() | Wolf | 66-78 | 170 | 1600 | Critical Strike, Packleader's Aura |
![]() | Satyr | 68-80 | 166 | 1800 | Purge, Mana Burn |
![]() | Ogre | 64-112 | 116 | 2300 | Ice Armor |
![]() | Golem | 80-106 | 140 | 2560 | Hurl Boulder, Shard Split |
Large Camp (Neutral Creeps)
Creeps | Camp | Gold | Experience | Health | Abilities |
---|---|---|---|---|---|
![]() | Large Centaur (3 units) | 85-100 | 161 | 1800 | Cloak Aura, War Stomp |
![]() | Large Satyr (3 Units) | 96-113 | 178 | 2000 | Purge, Mana Burn, Shockwave, Unholy Aura |
![]() | Hellbear (2 Units) | 97-114 | 165 | 1650 | Cloak Aura, Thunder Clap, Swiftness Aura |
![]() | Wildwing (3 Units) | 78-102 | 135 | 1650 | Tornado, Toughness Aura |
![]() | Troll (5 Units) | 97-126 | 219 | 2600 | Ensnare, Raise Dead |
Ancient Camps (Neutral)
Creeps | Camp | Gold | Experience | Health | Abilities |
---|---|---|---|---|---|
![]() | Dragon (3 Units) | 176-224 | 224 | 3900 | Fireball, Splash Attack, Dragonhide Aura |
![]() | Golem (3 Units) | 172-197 | 314 | 3795 | Granite Aura |
![]() | Thunderhide (3 Units) | 167-190 | 314 | 3000 | Fenzy, War Drums Aura, Slam |
![]() | Prowler (3 Units) | 187-210 | 195 | 2400 | Prowler Aura, Desecrate, Petrify |
Creeps | Camp/Den | Gold | Experience | Health | Abilities |
---|---|---|---|---|---|
![]() | Roshan | 150-400 + 200 တစ်ကောင်ချင်းအတွက် | 750+ 20 exp/min | 5500 + 4 မိနစ်အတွင်း 700 တိုး | Spell Bloack, Bash, Slam, Strength of the Immoral |
Beta Version. Last updated on 16th September 2017.
- Page was created for the love of this game. Dota 2 content and materials are trademarks and copyrights of Valve or its licensors. This site is not affiliated with Valve.