GAME MODES
Practice 1v1
Midlane (အလယ်လမ်း) တစ်ခုထဲမှာပဲ တစ်ဘက် ရန်သူကစားဖော် တစ်ဦးတည်းနဲ့ ရင်ဆိုင်ရမှာပါ။ Player တစ်ဦး ၂ ကြိမ်သေခဲ့ရင်၊ Tower တစ်ခုကျိုးခဲ့ရင်၊ ထွက်သွားရင် ၊ connection ပြတ်ရင် ပွဲပြီးပါတယ်။ gg လို့ရိုက်ရင်လည်းပွဲထဲက ထွက်သွားပါလိမ့်မယ်။
Bot Match
တစ်ဘက်က AI တွေပဲဖြစ်နေမှာပါ။ All pick mode နဲ့ပဲ ကစားလို့ရပါတယ်။
Setting
Setting ချထားတဲ့ အတွက် ကစားဖို့လိုက်ရှာတဲ့ အခါ ကိုယ်လိုပဲ setting ပြင်ထားတဲ့ player တွေနဲ့ဆော့လို့ရအောင်ရွေးပေးပါတယ်။ setting ကောင်းကောင်းပြင်ဆင်ထားတာက matching လုပ်ရတဲ့ အချိန်ကို သိသိသာသာလျှော့ကျစေပါတယ်။
Game Modes ဘယ်တစ်ခုနဲ့ ဆော့ချင်လဲဆိုတာ ရွေးချယ်ပေးထားခြင်းအားဖြင့် စောင့်ရတဲ့ အချိန်သက်သာလာပါလိမ့်မယ်။
Public match making မှာလက်ရှိ ရနိုင်တဲ့ game mode တွေကတော့…
- All pick
- Captain Mode
- Single Draft
- Random Draft
- Least Played
- All Random
- Captains Draft
- Ablilty Draft
- All random Deathmatch
- Limited Heroes
- Private Lobbies
- Event Game Modes
- Custom Games

Region (နေရာဒေသ)
Region ကတော့ ဘယ်နေရာက server မှာဆော့ချင်လဲဆိုတာ ကိုသတ်မှတ်ပေးတာဖြစ်ပါတယ်။ Region ၃ခုလောက်တော့ရွေးပေးလို့ကောင်းပါတယ်။ ဒါပေမယ့် သိပ်ဝေးတဲ့ နေရာက server ကိုရွေးထားရင်တော့ latency ပြသနာရှိတတ်ပါတယ်။ ကိုယ်က နှေးရင်နှေး မနှေးရင် ပြုတ်ကျတဲ့ အထိဖြစ်တတ်ပါတယ်။ ကိုယ်ပြော/နားလည်တဲ့ ဘာသာ စကား ကိုလည်း မမေ့ပါနဲ့၊ တစ်ခြား စကားသွားပြောမိလို့ report ထိတာလည်းရှိပါတယ်။ (ဥပမာ- တရုတ် server မှာနေပြီးတော့ pinoy စကားပြောမိတာမျိုးပေါ့။
လက်ရှိ Region တွေကတော့
- US West
- US East
- Europe West
- Europe East
- Russia
- SE Asia
- Australia
- South America
- Dubai
- Chilie
- Peru
- South Africa
- India
- Japan
- South Korea
- China UC
- China UC 2
- China TC Shanghai
- China TC Zhejiang
- China TC Wuhan
Language
ဘာသာစကားမှာတော့ ၂မျိုးအထိပေးရွေးပါတယ်။ ကိုယ်နဲ့တူတဲ့ ဘာသာစကားရွေးထားတဲ့ သူတွေနဲ့ပဲ matchingလုပ်ပေးပါလိမ့်မယ်။ language မရွေးပေးလိုက်ရင်တော့ လက်ရှိ client ရဲ့ ဘာသာစကားကိုပဲယူပါလိမ့်မယ်။
Penalties ( ပြစ်ဒဏ်များ )
အသင့်ဖြစ်ပြီးသားပွဲထဲကထွက်သွားမယ်ဆိုရင် matchmaking လုပ်လို့မရပဲ ခဏ ban (ပယ်) ထားတာမျိုးဖြစ်ပါလိမ့်မယ်။ အကြိမ်ရေများလာရင်တော့ low priority ဖြစ်သွားပါလိမ်မယ်။ Priority ကို အတိုချုံးပြောရရင်တော့ သူ့မှာ High Priority, Base Priority, Low Priority ဆိုပြီးရှိကြပါတယ်။ ပွဲထဲကထွက်ပြေးလို့ အပယ်ခံရတဲ့ အခါ low priority account ဖြစ်သွားပြီးတော့ ပြစ်ဒဏ်အနေနဲ့ battle points မရပါဘူး၊ တစ်ခြား player တွေထက် match လုပ်တဲ့ အချိန်ပိုကြာပါတယ်။ တစ်ခြား ကိုယ့်လို low priority သမားတွေနဲ့ပဲ ဆော့လို့ရပါလိမ့်မယ်။ Base priority ကတော့ လူတိုင်းအတွက်ဖြစ်ပါတယ်။ low priority ကလူတွေမပါဘူးပေါ့။ High priority account ဆိုတာကတော့ ခုဏကလိုပွဲတွေမှာ တစ်ယောက်ယောက်ထွက်သွားတာကြောင့်ပွဲပျက်သွားပြီး နောက်တစ်ကြိမ်ထပ် တန်းစီထားတဲ့ account တွေကို ခေါ်တာဖြစ်ပါတယ်။
Behavior Score (အနေအထိုင်)
ဒါကတော့ နာမည်ကြည့်ရုံနဲ့ သိသာပါတယ်။ ဘယ်လိုတွက်ချက်လည်းဆိုတာတော့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။ ခုဏက ပွဲထဲကထွက်တဲ့ အကြိမ်၊ report ထိတာ၊ commends တွေနဲ့ ပတ်သတ်ပြီးတွက်ချက်ထားတဲ့ အမှတ်ပေးပုံစံတစ်ခု ဖြစ်မယ်ထင်ပါတယ်။ commend ဆိုတာကတော့ ပွဲပြီးတဲ့အခါ ၂ ဘက်အသင်း player အချင်းချင်းပေးတဲ့ ချီးကျူးအသိအမှတ်ပြုမှုလို့ပြောရမယ်ထင်ပါတယ်။
Friendly – ခင်ဖို့ကောင်းတယ်။
Forgiving – ခွင့်လွှတ်တတ်သူ။
Teaching – သင်ပေးပါတယ်။
Leadership – ဦးဆောင်နိုင်တယ်။
ကိုယ့်ရဲ့ Behavior score ကိုကြည့်ချင်ရင်တော့ console ကနေသွားလို့ရပါတယ်။
ကိုယ့်ရဲ့ Behavior score ကိုကြည့်ချင်ရင်တော့ console ကနေသွားလို့ရပါတယ်။ သိပ်တော့လည်း အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး၊ ခင်ဗျား အနေအထိုင်မှန်ပြီး player ပီသရင် အေးဆေးပေါ့။ confirm လုပ်ပြီးမှပဲ ထပ်ဖြည့် ပေးပါမယ်။ လောလောဆယ် command line ပြန်မစစ်ဖြစ်သေးလို့။

Beta Version. Last updated on 16th September 2017.
- Page was created for the love of this game. Dota 2 content and materials are trademarks and copyrights of Valve or its licensors. This site is not affiliated with Valve.