GAMING GLOSSARY

ဒီ page ကတော့ gaming စကားလုံးတွေ စုထားဖို့ရည်ရွယ်ပါတယ်။  Reference လုပ်လိုသူတိုင်း ဒီကိုညွှန်းပြီးသုံးနိုင်ပါတယ်။ ဖြည်းဖြည်းချင်း update ဖြည့်ပေးသွားပါမယ်။ တကယ်လို့ သေချာတဲ့ အမှားတစ်ခုခုတွေ့ခဲ့ရင် daddyredplayer@gmail.com ကိုလှမ်းပြောလို့ရပါတယ်။ ကူညီပေးကြပါဦး။  ဒါ game နဲ့သက်ဆိုင်တဲ့ အပိုင်းကဝေါဟာရပါ၊ တစ်ခြား ဘာသာရပ်တွေမှာ စာလုံးတူ အဓိပ္ဗါယ်ကွဲတွေရှိနိုင်ပါတယ်။

1 UP

  • ဂိမ်းထဲမှာ player အတွက်ပေးထားတဲ့အသက် မှာ နောက်ထပ် အသက်တစ်ချောင်းထပ်ရတဲ့ အခါ သုံးတဲ့ အသုံးပါ။

1v1

  • ဒါကတော့ 1 versus 1 ရဲ့ အတိုကောက်ပါ။ player နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ပြိုင်/စစ်တိုက် တာကိုပြောပါတယ်။

8-bit

  • ဒါကတော့ 3rd generation game တွေတုန်းကသုံးခဲ့တဲ့ architecture ကိုအစွဲပြုပြီးခေါ်တာပါ၊ အဲ့ဒီအချိန်တုန်းကရှိတဲ့ စက်တွေပေါ်မှာမှီပြီးထုတ်ခဲ့တာပါ။

16-bit

  • 4th Generation Video game console တွေကိုခေါ်ပါတယ်။ 16bit architecture နဲ့တည်ဆောက်ထားတဲ့စက်တွေအတွက် ရည်ရွယ်ထုန်လုပ်ခဲ့တာပါ။

2D graphics

  • ဒီဂိမ်းထဲမှာ မြင်ရမဲ့ အရာတွေအကုန်လုံးက ၂ဖက်မြင်လောကထဲမှာပဲရှိနေတာပါ။ ဆိုလိုတာက x နဲ့ y မျဉ်းကြောင်းတွေပေါ်မှပဲရှိနေပြီး ၃ ဖက်မြင်ရုပ်မထွက်ပါဘူး။

32-bit

  • 5th Generation Video game console တွေကိုခေါ်ပါတယ်။ 32bit architecture နဲ့တည်ဆောက်ထားတဲ့စက်တွေအတွက် ရည်ရွယ်ထုန်လုပ်ခဲ့တာပါ။

3D graphics

  • ဒီ game တွေက သုံးဖက်မြင်ရုပ်ပုံတွေနဲ့မြင်ရအောင်ဖန်တီးထားပါတယ်။

4X

  • Strategy game တွေမှာ သုံးတဲ့ စကားလုံးဖြစ်ပါတယ်။ “explore, expend, exploit and exterminate” ဆိုတဲ့စကား ၄လုံးကိုပေါင်းခေါ်လိုက်တာပါ။

64-bit

  • 5th Generation Video game console တွေကိုခေါ်ပါတယ်။ 64bit architecture နဲ့တည်ဆောက်ထားတဲ့စက်တွေအတွက် ရည်ရွယ်ထုန်လုပ်ခဲ့တာပါ။

AAA

  • game ဖန်တီးသူတွေအများကြီးပါတဲ့ team ကိုခန့်ထားနိုင်မယ်၊ marketing အတွက် သန်းချီနဲ့ ဒေါ်လာတွေသုံးနိုင်မယ်၊ multiplatform လည်းထုတ်လုပ်နိုင်မယ်။ တစ်ကမ္ဘာလုံးကိုလည်း တစ်သန်းအထက် ရောင်းမိုင်မယ်ဆိုရင် ဒီ developer ကို AAA လို့သတ်မှတ်ပြီးခေါ်ပါတယ်။

Abandonware

  • game idea တစ်ခုကိုထုတ်ထားပြီး မေ့နေခဲ့တာ ဒါမှမဟုတ် ဖန်တီးသူတွေထုတ်လုပ်သူတွေက စွန်ခွသွားတာ မျိုးကို ခေါ်ပါတယ်။ များသောအားဖြင့် copy right ငြိကြတာပါ။

Act

  • ဒီကိုလည်းသွားကြည့်ပါ။

Level

  • game world ကြီးတွေထဲမှာ အဆင့် တစ်ခု ကိုသတ်မှတ်တဲ့ စကားလုံးဖြစ်ပါတယ်။ Act, Chapter, Volume, level စသည့်ဖြင့်ခေါ်ကြပါတယ်။.

Action point (AP)

  • Player တစ်ယောက်အတွက် အလုပ်တစ်ခုလုပ်ဖို့ သုံးရတဲ့ သတ်မှတ် unit တစ်ခုဖြစ်ပါတယ်။ Turnbase  နဲ့ RPG တစ်ချို့မှာသုံးပါတယ်။

Action role-playing game (ARPG)

  • Trun-based လို အလှည့်စောင့်စရာ မလိုပဲ မျက်မြင်လက်ရှိအတိုင်း တိုက်ခိုက်လို့ရတဲ့ RPG game တွေကိုခေါ်ပါတယ်။

Actions per minute (APM)

  • Player တစ်ယောက်က  ၁ မိနစ်အတွင်း လုပ်ဆောင်နိုင်တဲ့ အကြိမ် အရေအတွက်ကို ဆိုလိုပါတယ်၊ Pro Player တွေက နဂိုပေးထားတဲ့ skill အပြင် APM အကြိမ်အရေအတွက်ကို များနိုင်သမျှများအောင် လေ့ကျင့်လေ့ရှိပါတယ်။

ADS

  • Aiming Down Sights ဒါမှမဟုတ် Aim Down Sights, ရဲ့ အတိုကောက်ဖြစ်ပါတယ်။
    FPS game တွေမှာ လက်နက်ကို ပုခုံးထောက်ပြီးချိန်ထားတဲ့ အနေအထားကိုပြောတာပါ။ ဒီ အနေအထားမှာ ပစ်မှတ်ကိုပိုပြီးသေချာချိန်နိုင်ပါတယ်။ အားနည်းချက်က ရှေ့မြင်းကွင်းကျဉ်း၊ လှုပ်ရှားမှုနှေး၊ ပတ်ဝန်းကျင် နဲ့ ဆက်သွယ်မမိ တာပါ။ ပြီးတော့ game ပေါ်မူတည်ပြီး ပြောင်းလဲလို့ရတဲ့ အနှေးအမြန်ကွာပါတယ်။

AFK

  • Away From Keyboard ရဲ့ အတိုကောက်ကိုခေါ်ပါတယ်။ ကိုယ်က ဂိမ်းဆော့နေရင်းက ခဏလောက်ထသွားမယ်ဆိုရင် chat box မှာ ရိုက်ခဲ့နိုင်ပါတယ်။ (တကယ်ကတော့ ဂိမ်းရဲ့ avatar မှာ player မရှိနေတာကိုခေါ်တာပါ၊ keyboard နဲ့ဝေးနေတာကို afk လို့ပြောတာမဟုတ်ပါဘူး။)

Aimbot (auto-aim)

  • FPS game တွေမှာသုံးတတ် တဲ့ Cheat တစ်မျိုးပါ။ player အနေနဲ့ ရန်သူကို လိုက်ချိန်စရာမလိုပဲ သူကချိန်ပေးပါတယ်။ Player ကအစ်တဲ့ခလုတ်နှိပ်လိုက်ရုံပါပဲ။  Quake 1996 မှာစပြီး အသုံးများခဲ့တဲ့ cheat တစ်ခုဖြစ်ပါတယ်။

Alpha release

  • အပြီးအစီးရေးထားတဲ့ ဂိမ်းတစ်ခုမဟုတ်ပဲ သူ့ရဲ့ concept နဲ့ အဓိက အကြောင်းအရာတွေလောက်ပါတာကို အစမ်းသဘောနဲ့ ကစားဖို့ထုတ်ပေးတာပါ။

Always-on DRM

  • digital rights management  DRM အမျိုးအစားတစ်ခုထဲကဖြစ်ပြီးတော့ internet  နဲ့ အချိန်ပြည့်ချိတ်ဆက်ကစားရတာကိုခေါ်ပါတယ်။

AoE

  • Area of effect ကို အတိုကောက်ခေါ်ပါတယ်။
    Age of Empires ကို အတိုကောက်ခေါ်ပါတယ်။

Arcade game

  • Coin ထည့်ကစားရတဲ့ game စက်အမျိုးအစားတွေကို စပြီးခေါ်ခဲ့တာပါ။ 1980 လောက်ကအရမ်းခေတ်စားခဲ့ပြီး ဒီနေ့အထိလည်း ဒီစက်တွေကို ထုတ်လုပ်ဆဲဖြစ်ပါတယ်။

Area

  • Level ကိုကြည့်ရန်

Area of effect (AoE)

  • Role play(ဇာတ်လမ်း) နဲ့ strategy (ဗျူဟာ/စစ်ပွဲ) game တွေမှာအသုံးများတဲ့ စကားလုံးဖြစ်ပါတယ်။  နေရာတစ်နေရာ အဝန်းအဝိုင်း တစ်ခုထဲမှာရှိနေတဲ့ ရန်သူအများအပြားကို တစ်ပြိုင်နက်ထဲမှာထိခိုက် စေနိုင်တဲ့ လက်နက်/အစွမ်း တစ်စုံတရာကိုခေါ်ပါတယ်။  ဥပမာ – စစ်တိုက်တဲ့ ဂိမ်းတွေမှာဆိုရင် လက်နက်ကြီးနဲ့ ပစ်တဲ့ အခါ ကျရောက်တဲ့ နေရာတစ်ဝိုက် (သတ်မှတ်ထားသလောက် ဧရိယာအတွင်း) ရန်သူတစ်ဦးထက်ပိုပြီး ထိခိုက်ပါတယ်။  ဒါက ထိခိုက်စေတာတစ်မျိုးကိုပဲသတ်မှတ်ထားတာမဟုတ်ပဲ ဆေးပြန်ကုတာ၊ buff ဖြစ်စေနဲ့  spell တွေ၊ တစ်နေရာကတစ်နေရာကိုရွှေ့ပြောင်းတဲ့ (teleport) လုပ်တဲ့ အခါတွေမှာလည်း ဒီစကားလုံးကို သုံးကြပါတယ်။

ARPG

  • Action role-playing game ရဲ့ အတိုကောက်ဖြစ်ပါတယ်။

Auto-aim

  • Aim-assist လို့လည်းခေါ်ကြပါတယ်။ အဓိကအားဖြင့်တော့ အခုမှစဆော့သူတွေအတွက် လွယ်ကူအောင်ည့်ပေးထားကြတာများပါတယ်။ Player အနေနဲ့ ရန်သူကို တစ်ကူးတစ်က လိုက်ပြီးချိန်နေစရာလိုပဲ game ကအလိုလျောက် ချိန်ပေးပါတယ်။ Grand Theft Auto (GTA) မှာဆိုရင် hard aim နဲ့ soft aim ဆိုပြီးထပ်ခွဲလို့ရပါတယ်၊ hard aim ကလုံးဝကွက်တိ ချိန်ပေးတာဖြစ်ပြီး soft aim ကတော့ player ရဲ့ pointer ကို traget နားနီးနိုင်သမျှနီးအောင်ချိန်ပေးတာမျိုးပါ။ aimbots နဲ့လုံးဝမတူပါဘူး။

Auto-run

  • automatic running ရဲ့ အတိုကောက်ဖြစ်ပါတယ်။ Player အနေနဲ့ ခလုပ်နှိပ်ထားစရာလိုပဲ ကိုယ့် character ကိုခိုင်းစေနိုင်ပါတယ်။

A

B

Balance

  • Player တိုင်း အတွက် အညီအမျှဖြစ်အောင် စီစဉ်ရပါတယ်။ တစ်ဖက်/တစ်ဦး/တစ်ယောက် အသာဖြစ်နေတာမျိုးကိုရှောင်ပြီး အားလုံးညီမျှအောင်ဖန်တီးခြင်းကို ခေါ်ပါတယ်။

Badge

  • Player တစ်ယောက်က တစ်ခုခုကို အောင်မြင်အောင်လုပ်လိုက်တဲ့အခါ အသိအမှတ်ပြုတဲ့ အနေတဲ့ တံဆိပ်တစ်ခုပေးလေ့ရှိပါတယ်။ ဒါကို ခေါ်တာပါ။

Beta release or Beta Testing

  • ဂိမ်းတစ်ခု တရားဝင် မဖြန့်ခင် စမ်းသပ်ကာလအတွင်း ထုတ်ဝေတဲ့ အဆင့်ကိုခေါ်ပါတယ်။ Alpha release အပြီးမှာထုတ်လေ့ရှိပါတယ်။ ဒီမှာ bugs နဲ့ တစ်ခြားပြင်ဆင်စရာတွေ ကစားသမားတွေရဲ့ အကြံပေးတာတွေကိုလက်ခံပြင်ဆင်တဲ့ အချိန်ပါ။

Board

  • Level ကိုကြည့်ရန်

Bonus stage

  • ပုံမှန် ဇာတ်လမ်းသွားထဲမှာပါမလာပဲ အခြေအနေတစ်ခု ရောက်မှ ဖွင့်ပေးတဲ့ အပိုပါလာတဲ့ အခန်းတွေ ဒါမှ မဟုတ် အဆင့် တစ်ခုကိုခေါ်ပါတယ်။

Boss

  • ဂိမ်းတွေထဲမှာ အဆင့် အသစ်တစ်ခု၊ အခန်း အသစ်တစ်ခုကို တက်တော့မယ်ဆိုရင် ရင်ဆိုင်ရတဲ့ နောက်ဆုံး ဆရာကြီးကိုခေါ်ပါတယ်။

Buff

  • Player တစ်ယောက် ရဲ့ character ကို ရှိပြီးသားအစွမ်းကို အချိန်ကာလတစ်ခုအတွင်း ပိုပြီးထက်လာအောင်  လုပ်ပေးလိုက်တာကိုခေါ်ပါတယ်။ နောက်တစ်ကြောင်းကတော့ balance လုပ်ဖို့သုံးပါတယ်။

Bullet hell

  • shoot ’em up ပုံစံ ဂိမ်းတွေမှာပြောတာပါ၊(အပစ်အခတ်ကလွဲရင်ဘာမှမပါဘူး)။ များသောအားဖြင့် ရန်သူအများကြီး ပစ်ခတ်နေတဲ့ထဲကို ပြေးဝင်သွားရတာကို ခေါ်ပါတယ်။

Bullshot

  • bullshit နဲ့ screenshot ကိုပေါင်းထားတာပါ။ ဂိမ်း ကြော်ငြာပုံမှာ အလန်းတွေပြထားပြီး ကတယ်ဆော့ရတဲ့အချိန်မှာ လွဲနေတာမျိုးကိုပြောတာပါ။

C

Campaign mode

  • ဂိမ်းရဲ့ဇာတ်လမ်းသွားတစ်ခုအတိုင်းဆော့ရတာကို campaign/ story လို့ခေါ်ပါတယ်။ ဒီမှာ linear နဲ့ non-linear ဆိုပြီးထပ်ကွဲပါတယ်။

Camping

  • ဒါကတော့ အငြင်းပွားစရာ ဂိမ်းဗျူဟာတစ်ခုဖြစ်ပါတယ်။ မြန်မာလိုတော့ ” ကျောက်ချ” တယ်လို့ပြောရပါလိမ့်မယ်။ player တစ်ယောက်က ဖြတ်သွားဖြတ်လာများတဲ့ နေရာတစ်ခုမှာ ထိုင်စောင့်နေပြီး တစ်ဘက်က player တွေကို အလစ်စောင့်တိုက်တာမျိုး ကိုခေါ်ပါတယ်။ FPS တွေမှာ အသုံးများပြီ MMO တွေမှာလည်း သုံးတတ်ကြပါတယ်။ spawn killing  ကိုလည်းကြည့်ရန်

Challenge mode

  • မြန်မာလို “ချဲလင်း” လုပ်တယ်လို့ အပြောများကြပါတယ်။ တစ်ချိုံ ဂိမ်းတွေမှာ ပါတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီးတော့ ဥပမာ – ဆော့ပြီးသားအခန်းကိုပဲ လက်နက် (သို့) အချိန် အနည်းငယ်အတွင်းပြန်ဆော့ခိုင်းတာမျိုးဖြစ်ပါတယ်။ Grand Theft Auto (GTA) series တွေမှာတွေ့နိုင်ပါတယ်။ တကယ်လို့များ challenge mode မပါခဲ့ရင် player တွေကအပြင်မှာ ထူးထူးခြားခြား challenge တစ်ခုသတ်မှတ်ပြီး ပြိုင်ကြတဲ့ အလေ့လည်းရှိပါတယ်။

Character class

  • Player တစ်ယောက်ကို ရွေးချယ်ဖို့ပေးထားတဲ့  character ကိုအမျိုးအစားတွေခွဲပေးထားတတ်ပါတယ်။  များသောအားဖြင့် warrior, rogue, mage အခြေခံ ခွဲထားတတ်ပြီး၊ character တစ်ကောင်နဲ့တစ်ကောင် အရည်အချင်းတွေမတူပါဘူး။

Charge shot

  • သာမန် ပစ်ခတ်မှုမျိုး မဟုတ်ပဲ ပိုပြီးပြင်းထန်ထိရောက်တဲ့ ပစ်ခတ်/တိုက်ခိုက် မှုမျိုး ကိုခေါ်ပါတယ်။ များသောအားဖြင့်တော့ ပစ်တဲ့ ခလုတ်ကို (စက္ကန့်ပိုင်းအကြာ) ဖိထားပြီးမှ လွှတ်ရတာမျိုးပါ။

Cheating

  • ဂိမ်းကို အကောင်းအတိုင်းမဆော့ပဲ software/hardware တစ်ခုခုအားကိုးနဲ့ ပိုက်ဆံ/လက်နက်/စွမ်းအား တိုးအောင်လုပ်ပြီးဆော့တာကို ခေါ်ပါတယ်။

Checkpoint

  • Saved game ကိုကြည့်ရန်

Class

  • Character class ကိုကြည့်ရန်

Cinematic

  • Cutscene ကိုကြည့်ရန်

Circle strafing

  • FPS တွေမှာ သုံးတတ်တဲ့ အဆင့်မြင့် လှုပ်ရှားမှုကိုထိန်းချုပ်တဲ့နည်း တစ်ခုဖြစ်ပါတယ်။ PC မှာပဲဖြစ်ဖြစ် Console မှာပဲဖြစ်ဖြစ် ကိုယ့် ပစ်မှတ်ကို စက်ဝိုင်းပုံ ပတ်နေပြီးတော့ တစ်ချိန်တည်းမှာ မလွဲတမ်း ပစ်ခတ်နိုင်ပါတယ်။ ဒီနည်းဟာ စကိဝိုင်းပြင်ပက ပစ်လိုက်တဲ့ ကျည်ဟာ ကိုယ့် အပေါ်ထိနိုင်ချေနည်းပြီး ကိုယ့်ကို မထိသမျှကျည်တွေက စကိဝိုင်းအလည်မှာရှိနေတဲ့ ရန်သူဆီကို ပိုပြီး ရောက်နိုင်ပါတယ်။

Clipping

  • programming code ဖြစ်ပြီး ဂိမ်းထဲကနံရံတွေ မြေပြင်တွေကို ကျော်ဖောက်ထွက်ပြီးသွားလာလို့မရအောင်တားထားတာပါ။ Cheat တစ်မျိုးဖြစ်ပါတယ်။ noclip ကတော့ ဒါနဲ့ပြောင်းပြန် cheat တစ်ခုဖြစ်ပါတယ်။

Closed beta

  • beta version ပေးဆော့တဲ့အခါမှာ ရွေးချယ်ထားတဲ့ လူနည်းစုအတွက်ပဲပေးဆော့တဲ့ ပုံစံတစ်မျိုးဖြစ်ပါတယ်။

Clone

  • တစ်ခြားအောင်မြင်တဲ့ ဂိမ်းတစ်ခုကို လိုက်တုပြီးထုတ်ထားတဲ့ အရည်အသွေးလည်း နိမ့်တဲ့ ဂိမ်းမျိုးကိုခေါ်ပါတယ်။

CMS

Construction and management simulation ရဲ့အတိုကောက်ဖြစ်ပါတယ်။

Coin-op

  • Arcade game ကိုကြည့်ရန်

Combo

  • တိုက်ခိုက်မှုပုံစံတွေကို အစီအစဉ်တစ်ကျ ပေါင်းထားတဲ့ ပုံစံတစ်ခုကိုခေါ်ပါတယ်။ များသောအားဖြင့် တစ်ဘက်ရန်သူမလှုပ်နိုင်/ပြန်ခုခံနိုင်စွမ်းမရှိတဲ့  အခြေအနေမျိုးမှာ သုံးတဲ့ စုပေါင်းတိုက်ကွက် ဖြစ်ပါတယ်။

Competitive gaming

  • eSports ကိုကြည့်ရန်

Console


Console generation


Console wars

  • Console တွေထဲမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ 1980/90 တွေမှာ SEGA နဲ့ Nintendo နောက်ပိုင်း generation တွေမှာတော့ Playstation နဲ့ Xbox တို့က ဈေးကွက်ပြိုင်လုတာ ကိုခေါ်ပါတယ်။

Control pad

  • D-pad ကိုကြည့်ရန်

Control point

  • Capture Point လို့လည်းခေါ်ပြီးတော့ သတ်မှတ်ထားတဲ့ နေရာကို အပိုင်သိမ်း နိုင်မှ အနိုင်ရတာ၊ ဒါမှမဟုတ် အဆင့်တက်ပေးတာကိုပြောပါတယ်။ ဒီနေရာကို CP လို့ခေါ်လိုက်တာပါ။

Control stick

  • Analog stick ကိုကြည့်ရန်

Conversation tree

  • Dialog tree ကိုကြည့်ရန်

Cooldown

  • ပါဝါတစ်ခုကိုဖြစ်ဖြစ်၊ စွမ်းအင်တစ်ခုခုကိုဖြစ်ဖြစ် သုံးပြီးရင် ပြန်ပြည့်ဖို့စောင့်ရတဲ့ ကြာချိန်ကိုခေါ် ပါတယ်။

Crafting

  • တစ်ချို့ game တွေမှာ player ကို ကိုယ်သုံးမယ့် ပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ရတာ ကို crafting လုပ်တယ်ခေါ်ပါတယ်။ ဒီအတွက် playerတွေက လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းရပါသေးတယ်။

Critical hit

  • တိုက်ခိုက်မှုတစ်ခုပြုလုပ်လိုက်တဲ့အခါ သာမန်ထက်ပိုပြင်းတဲ့ ထိခိုက်မှုမျိုးထွက်ပေါ်လာတဲ့ အခြေအနေကိုခေါ်ပါတယ်။ ဖြစ်ခဲတဲ့ damage အမျိုးအစားဖြစ်ပါတယ်။

Cross-platform

  • Multiplatform ကိုကြည့်ရန်

Crowd control

  • ရန်သူအုပ်လိုက်ကို damage ပေးနိုင်၊Attack လုပ်နိုင်တာကိုခေါ်ပါတယ်။ MMO တွေမှာ ရန်သူအများကြီး ဝိုင်းလာတဲ့အခါ ဒီလို skill တစ်ခုကတော့ မပါမဖြစ်လိုပါတယ်။

CRPG

  • computer/console role-playing-game ရဲ့အတိုကောက်ဖြစ်ပါတယ်။

CTF

  • capture the flag ရဲ့အတိုကောက်ဖြစ်ပါတယ်။ Pultiplayer game တွေထဲက အသုံးများတဲ့ game mode တစ်ခုဖြစ်ပါတယ်။

Cutscene

  • ဂိမ်းထဲမှာ အခန်းတစ်ခုနဲ့ တစ်ခုကို ဆက်ပေးထားတဲ့ ကြားကဇာတ်လမ်းဇာတ်ကွက်အတိုလေး တွေကိုခေါ်ပါတယ်။ ရပ်ထွက်အလွန်ကောင်းပြီးတော့ ဂိမ်းကိုရှေ့ဆက်ကစားချင်အောင်ဆွဲဆောင်တဲ့နေရာမှာထိပ်ဆုံးကဖြစ်ပါတယ်။

Cybersport

  • eSports ကိုကြည့်ရန်

D

Damage over time (DoT)

  • တိုက်ခိုက်နိင်တဲ့ စွမ်းရည်တစ်မျိုးကနေ အချိန်ကာလတစ်ခုအတွင်းမှာ မီးလောင်/အဆိပ်မိ ရင်း သွေးလျော့စေတာကိုခေါ်ပါတယ်။

Damage per second (DPS)

  • တစ်စက္ကန့်အတွင်း တိုက်ခိုက်နိုင်တဲ့ နှုန်းကိုခေါ်ပါတယ်။ ကိုယ့်ရဲ့ တိုက်ခိုက်နိုင်မှုနှုန်းဘယ်လောက်ရှိလဲလို့သုံးတဲ့ player  တွေအတွက် အတိုင်းအတာတစ်ခုဖြစ်ပါတယ်။

Damage ring

  • FPS တွေမှာ ဘယ်အရပ်မျက်နှာကနေ ကိုယ့်ကို ပစ်နေလဲဆိုတာကို သိရအောင် အချက်ပြတဲ့ စက်ဝိုင်းဖြစ်ပါတယ်။

Debuff

  • Buff  ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ character  တစ်ကောင်ရဲ့ စွမ်းရည်ကို လျော့အောင် ဒါမှမဟုတ် တိုးနေတာကို လျော့သွားအောင်ပြုလုပ်တာကိုခေါ်ပါတယ်။  nerf လို့လည်းခေါ်ကြပါတယ်။

Dialog tree

  • adventure game တွေမှာတွေ့ရများပါတယ်။  NPC တွေနဲ့စကားပြောတဲ့အခါ ဇာတ်လမ်းမှာ လမ်းကြောင်းမျိုးစုံ မေးခွန်းနဲ့ အဖြေမျိုးစုံကို သွားလို့ရအောင် ဖန်တီးပေးထားတဲ့ စကားပြောတွေကို ခေါ်ပါတယ်။

Difficulty

  • Player တစ်ယောက် ဝင်ရောက်ဆော့ကစားရမဲ့ game ရဲ့ လွယ်သလား ခက်သလား အတိုင်းအတာကို ခေါ်ပါတယ်။ level များရင် ရင်ဆိုင်ရတဲ့ ရန်သူတွေက ခက်ခဲပြီး level နိမ့်ရင်တော့ အေးဆေးဆော့နိုင်ပါလိမ့်မယ်။

DLC

  • downloadable content ရဲ့ အတိုကောက်ဖြစ်ပါတယ်။

Downloadable content (DLC)

  • ဂိမ်းတစ်ခုရဲ့ နောက်ထပ် တိုးပေးထားတဲ့ ဇာတ်လမ်းသွားတစ်ခု ကို အခွေနဲ့ မဟုတ်ပဲ   download ရယူအသုံးပြုနိုင်တာကိုခေါ်ပါတယ်။

DPS

  • Damage per second ရဲ့ အတိုကောက်ဖြစ်ပါတယ်။

Draft


DRM

  • Digital rights management ရဲ့ အတိုကောက်ဖြစ်ပါတယ်။

Drop-in, Drop-out

  • Multiplayer game တွေမှာ player တစ်ယောက်က အချိန်မရွေးအုပ်စု တစ်စု (group) ကို ပူးပေါင်နိုင်ပြီးတော့ ပြန်ထွက်သွားနိုင်တဲ့ပုံစံကိုခေါ်ပါတယ်။ ပြန်ထွက်သွားတဲ့အတွက်လည်း ဒဏ်ကြေးမရှိပါဘူး။ ပြီးတော့ တစ်ခြား player တွေကိုလည်းအနှောက်အယှက်မဖြစ်ပါဘူး။

Dungeon

  • များသောအားဖြင့် လှိုင်ဂူတွေကိုပဲပြေးမြင်ကြပါလိမ့်မယ်။ တကယ်တော့ ရန်သူတွေရှိနေတဲ့ ဘယ်လို အလုံပိတ် နေရာမျိုးကိုမဆိုခေါ်လို့ရပါတယ်။ လှိုင်ဂူ၊သင်္ဘော၊ အဆောက်အဦး၊ အခန်း စတာတွေကိုလည်းခေါ်နိုင်ပါတယ်။

E

Emulator

  • တစ်ချိန် console က ဂိမ်းတွေကို လက်ရှိ PC နဲ့ တစ်ခြား device တွေမှာ တင်ပြီးဆော့လို့ ရအောင်ဖန်တီးပေးတဲ့ ကြားခံ program တစ်ခုပဲဖြစ်ပါတယ်။

Endless mode

  • တစ်ချို့ဂိမ်းတွေမှာပါလာတတ်တဲ့ game mode တစ်မျိုးဖြစ်ပါတယ်။
    Challenge mode တစ်မျိုးဖြစ်ပြီးတော့ များသောအားဖြင့် အပြီးဆုံးနိင်တဲ့ ရန်သူတွေ ကို ကိုယ့်မှာ လက်နက်၊ သွေး၊ တစ်ခြား ပစ္စည်းတွေ အလုံအလောက်မရှိတော့ပဲ လုံးဝရပ် (character သေဆုံး) တဲ့ အထိဆော့ရတာဖြစ်ပြီးတော့ အချိန် ကြာနိုင်သမျှကြာအောင် survive လုပ်ရတာဖြစ်ပါတယ်။ main story မှာမပါတတ်ပဲ သီးခြား game mode အနေနဲ့ပဲလာတတ်ပါတယ်။

Emergent gameplay

  • ဇာတ်လမ်းအနေနဲ့ သေချာ မရှိပဲ player ရဲ့ ဉာဏ်စွမ်းနဲ့ ဆော့ကစားရတဲ့ ဂိမ်းအသွားမျိုးဖြစ်ပါတယ်။ ဥပမာ – EVE online ဂိမ်းလို တစ်ခြား player တွေနဲ့ မဟာမိတ်ဖွဲ့မလား၊ ဒါမှ မဟုတ် တစ်ခြား player တွေကို ဓါးပြတိုက်ပြီး ဆက်သွားမလားဆိုတာ player တစ်ယောက်ရဲ့ စိတ်ကူးနဲ့ ချဉ်းကပ်ပုံက သာ အဓိကကျမျိုးပါ။

ESP cheats

  • Cheat ကုတ်တစ်မျိုးဖြစ်ပြီးတော့ ရန်သူကို သူများထက်ပိုမြင်ရတာမျိုး၊ ရန်သူ့လက်နက်ကို သိနိုင်တာ၊ ရန်သူရှိရာ ကိုသိနိုင်တဲ့ code တွေ ဖန်တီးထားတာပါ။

Experience Point

  • Player character တစ်ကောင်အတွက် level တက်ဖို့ လို့တဲ့ သတ်မှတ်ချက် unit ဖြစ်ပါတယ်။ level တစ်ခုကနေ နောက်တစ်ခု ကူးနိုင်ဖို့ ဒီ point တွေကို စုဆောင်းရပါတယ်။